မော်တော်ယာဉ်ဘီးများ ဖြုတ်ခိုးယူသူများကို ဖမ်းဆီးရမိ

လှည့်ကင်းဆောင်ရွက်ရာမှ မော်တော်ယာဉ်ဘီးများ ဖြုတ်ခိုးယူသူများကို ဖမ်းဆီးရမိ
ရန်ကုန်၊ နိုဝင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း ထိရောက်သော မှုခင်းကြိုတင်ကာကွယ်မှု
များဆောင်ရွက်နိုင်ရန် အတွက် မြို့နယ်ရဲတပ်ဖွဲ့အသီးသီးမှ ညဦးပိုင်း
လှည့်ကင်း၊ ညဥ့်နက်ပိုင်းလှည့်များဖြင့် ပိုက်စိတ်တိုက်ဆောင်ရွက်ခဲ့ရာမှ
ကားပါကင်နှင့် နေအိမ်ရှေ့လမ်းများတွင်ရပ်ထားသော မော်တော်ယာဉ်
များ၏ ဘီးများကိုဖြုတ်ခိုးယူသူများအား ဖမ်းဆီးရမိပြီး မော်တော်ယာဉ်
ဘီးများဖြုတ်ခိုးယူမှု (၂၀)မှု ဖော်ထုတ်နိုင်ခဲ့ပါသည်။


ယင်းသို့ လှည့်ကင်းများဆောင်ရွက်မှုကြောင့် ၃.၁၁.၂၀၁၆ ရက်နေ့ ၀၁၃၀
အချိန်ခန့်တွင် ရန်ကင်း မြို့မရဲစခန်းမှ ညဥ့်နက်ပိုင်းလှည့်ကင်းဆောင်ရွက်
နေသည့် တပ်ဖွဲ့ဝင်များသည် ရန်ကင်းမြို့နယ်၊ (၂)ရပ်ကွက်၊ ရန်အောင်
လမ်းသွယ်(၈)လမ်းရှိ ကားပါကင်ရှေ့၌ အမျိုးသမီးတစ်ဦးအား ယာဉ်
အမှတ် ၂ဃ/---- TOYOTA CORONA Premio အငှားယာဉ် ၁ စီးနှင့်
အတူ မသင်္ကာတွေ့ရှိပြီး ၎င်းယာဉ်ပေါ်တွင် ကားဘီး ၃ လုံး၊ ဘီးဖုံး ၂ ခု၊
မူလီခေါင်း ၃၆ လုံးတို့အား တွေ့ရှိခဲ့သည့်အပြင် အနီးရှိ 9I---- CALDINA
အပြာရောင် ကိုယ်ပိုင်ယာဉ်မှာလည်း ဘီးများပြုတ်နေပြီး အနီးတွင် ကားဘီး
ဖြုတ်ရာတွင်အသုံးပြုသည့် ပစ္စည်းများအားတွေ့ရှိရသဖြင့် စစ်မေးခဲ့ရာမှ
၎င်းအမျိုးသမီးမှာ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေ မနှင်းအေးဖြူ၊ (၃၁)နှစ်
ဖြစ်ကြောင်းသိရှိရပြီး ကိုလတ်၊ ရုပ်ပြောင်(ခ) ဇေယျာလင်းတို့နှင့်အတူ
ကားဘီးဖြုတ်၍ ခိုးယူနေကြောင်းသိရပါသည်။

ယင်းသို့ ကားဘီးခိုးယူသူ ကိုလတ်နှင့် ရုပ်ပြောင်(ခ)ဇေယျာလင်းတို့အား
ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ မနှင်းအေးဖြူ၏ခင်ပွန်းဖြစ်သူ ကိုလတ်
အား အနီးရှိ ရေဆိုးမြောင်းပြွန်အတွင်း ပုန်းအောင်းနေသည်ကို တွေ့ရှိ
ဖမ်းဆီးရမိခဲ့ပြီး ရုပ်ပြောင်(ခ)ဇေယျာလင်းမှာ ထွက်ပြေးတိမ်းရှောင်သွား
ခဲ့ပါသည်။

၎င်းတို့၏ဖော်ထုတ်ချက်အရ အငှားယာဉ်ဖြင့် မြို့နယ်များအတွင်း လှည့်လည်
သွားလာပြီး ကားဘီးများဖြုတ်ခိုးယူခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ
လနှင့် အောက်တိုဘာလအတွင်းက တာမွေမြို့နယ်အတွင်းမှ မော်တော်
ယာဉ်(၁၀)စီး၊ ရန်ကင်းမြို့နယ်အတွင်းမှ မော်တော်ယာဉ်(၂)စီး၊ ဗဟန်း
မြို့နယ်အတွင်းမှ မော်တော်ယာဉ်(၂)စီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်
အတွင်းမှ မော်တော်ယာဉ်(၃)စီး၊ ဗိုလ်တထောင်မြို့နယ်အတွင်းမှ မော်တော်
ယာဉ်(၁)စီးနှင့် ဒဂုံမြို့နယ်အတွင်းမှ မော်တော်ယာဉ်(၁)စီးတို့မှ ကားဘီး
များ ဖြုတ်ခိုးယူခဲ့ကြောင်း ထပ်မံဖော်ထုတ်နိုင်ခဲ့ပါသည်။

ခိုးယူထားသည့် သက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်းရမိရေး
အတွက် စိစစ်ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသူ
ရုပ်ပြောင်(ခ)ဇေယျာလင်းကိုလည်း အမြန်ဖမ်းဆီးရမိရေးအတွက်
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
မော်တော်ယာဉ်ဘီးများ ဖြုတ်ခိုးယူသူများကို ဖမ်းဆီးရမိ  မော်တော်ယာဉ်ဘီးများ ဖြုတ်ခိုးယူသူများကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:21 Rating: 5
Powered by Blogger.