ရပ်ကွက်၊ သို့ မဟုတ် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေကို တတိယ အကြိမ် ပြင်ဆင်မှုကို လွှတ်တော်က အတည်ပြု

ပြည်ထောင်စုလွှတ်တော်မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

    ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောကွဲလွဲခဲ့ကြသော ရပ်ကွက်၊ သို့ မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား ယနေ့ ကျင်းပသည့် ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး၊ တတိယနေ့ တွင် အတည်ပြုခဲ့သည်။

လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲချက် ၁၃ ချက် ရှိခဲ့သည့် အဆိုပါ ဥပဒေကြမ်းအား ယနေ့  ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးတင်ပြခဲ့ကြရာ လွှတ်တော် နှစ်ရပ်၏ ပြင်ဆင် အတည်ပြု ချက်များ၊  ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ပြင်ဆင်ချက်များထဲမှ အဓိက အချက်များကို ညှိနှိုင်း သဘောတူခဲ့သော်လည်း စကားလုံး သုံးစွဲမှုအချို့ အပေါ် ထပ်မံ သဘောကွဲလွဲ သဖြင့် လျှို့ ဝှက်ဆန္ဒမဲဖြင့် လွှတ်တော်၏ ဆန္ဒကို အပြီးသတ် ရယူကာ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေအရ ရပ်ကွက်၊ သို့ မဟုတ် ကျေးရွာအုပ်စုတွင် တစ်လထက်ပိုပြီး လာရောက် တည်းခို နေထိုင်သူ သည် ထိုရပ်ကွက် ၊ သို့ မဟုတ် ကျေးရွာအုပ်စု၏ တာဝန်ရှိသူထံ အကြောင်းကြားရမည် ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
ရပ်ကွက်၊ သို့ မဟုတ် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေကို တတိယ အကြိမ် ပြင်ဆင်မှုကို လွှတ်တော်က အတည်ပြု  ရပ်ကွက်၊ သို့ မဟုတ် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေကို တတိယ အကြိမ် ပြင်ဆင်မှုကို လွှတ်တော်က အတည်ပြု Reviewed by THITHTOOLWIN on 18:10 Rating: 5
Powered by Blogger.