ကောင်းကပ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရှိ

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှ ကောင်းကပ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ဖြင့်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရှိ
နေပြည်တော်၊ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်းမြို့၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ဟိုနားရွာမှနေ၍ ကောင်းကပ်ရွာသို့ ယနေ့ညနေ ၃ နာရီခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကောင်းကပ်ရွာ၊ ရပ်ကွက်(၁)ရှိ စာသင်ကျောင်းအနီး ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် စာသင်ကျောင်းအနီး နေထိုင်သူ ဒေသခံအပြစ်မဲ့ပြည်သူများဖြစ်သည့် ဦးပြည်ခိုက်ဖင်နှင့် သားဖြစ်သူ မောင်လောက်စောတို့ ၂ ဦးအား လက်နက်ကြီးစများထိမှန်၍ နေရာတွင်ပင်သေဆုံးခဲ့ပြီး အနီးရှိ မောင်လောက်ကိုင်အား လက်နက်ကြီးစထိမှန်ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိသူ မောင်လောက်ကိုင်အား နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
ကောင်းကပ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရှိ  ကောင်းကပ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရှိ Reviewed by THITHTOOLWIN on 23:12 Rating: 5
Powered by Blogger.