အမျိုးသမီးသက်ငယ်မုဒိန်းမှုနှင့်ပတ်သက်ပြီး ထိရောက်သော ဥပဒေတစ်ရပ်ပြဌာန်းနိုင်ရေး စစ်တွေတွင် ဆန္ဒထုတ်ဖော်


နိုဝင်ဘာ ၁၆/DMG

အမျိုးသမီးသက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်ပြီး ထိရောက်သော ဥပဒေတစ်ရပ်ပြဌာန်းနိုင်ရေး ယနေ့(နိုဝင်ဘာလ ၁၆ ရက်နေ့)၊နေ့လည် ၁ နာရီအချိန်ခန့်တွင် စစ်တွေမြို့ပေါ်တွင် လူအင်အား ၅၀၀ ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။


မြန်မာနိုင်ငံတစ်ဝှမ်းတွင် သက်ငယ်မုဒိမ်းမှုများဖြစ်ပေါ်လျက်ရှိပြီး ရခိုင်ပြည်နယ်မှာလည်း မကြာသေးခင်က ပေါက်တောမြို့နယ်တွင် ၅ နှစ် အမျိုးငယ်တစ်ယောက်အား အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

 ယင်းကိစ္စများနှင့်ပတ်သက်ပြီး ထိရောက်သည့် ဥပဒေတစ်ရပ်မရှိသေးသည့်အတွက် ဥပဒေတစ်ရပ်ပြဌာန်းနိုင်ရန် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ-ဖဒူထွန်းအောင်/DMG
Development Media Group
https://www.facebook.com/DevelopmentNJ/
အမျိုးသမီးသက်ငယ်မုဒိန်းမှုနှင့်ပတ်သက်ပြီး ထိရောက်သော ဥပဒေတစ်ရပ်ပြဌာန်းနိုင်ရေး စစ်တွေတွင် ဆန္ဒထုတ်ဖော်  အမျိုးသမီးသက်ငယ်မုဒိန်းမှုနှင့်ပတ်သက်ပြီး ထိရောက်သော ဥပဒေတစ်ရပ်ပြဌာန်းနိုင်ရေး စစ်တွေတွင် ဆန္ဒထုတ်ဖော် Reviewed by THITHTOOLWIN on 16:25 Rating: 5
Powered by Blogger.