မန္တလေးတက္ကသိုလ်တွင် အာဇာနည်ခေါင်းဆောင်တဦးဖြစ်သည့် ဆရာကြီးဦးရာဇတ်ရုပ်တုဖွင့်ပွဲကို အမျိုးသားနေ့အထိမ်းအမှတ်ဖြစ်သည့် နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီက ပြုလုပ်သည်။
အခမ်းအနားသို့ ပြည်သူလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း, တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရဖွဲ့ဝန်ကြီးများ တက္ကသိုလ် ပါမောက္ခများ ဆရာဆရာမများတက် စိတ်ဝင်စား သူများ တက်ရောက်ကြသည်။
ဆရာကြီးရဲ့ရုပ်တု စိုက်ထူနိုင်ရေးအတွက် ၁၅ နစ်ကျော် ကြိုးစားခဲ့ရပြီး ယနေ့သည် မင်္ဂလာ တပါးဖြစ်၍ ခွင့်ပြုပေးသော အစိုးရသစ်ကို ကျေးဇူးတင်ကြောင်း မန္တလေးတက္ကသိုလ် ကျောင်းသားဟောင်းများ ဥက္ကဌ ဦးတင်မောင် ကပြောကြားသည်။
ဆရာကြီးသည် ဗိုလ်ချုပ်အောင်ဆန်းနင့်အတူ အစိုးရအဖွဲ့တွင် အမျိုးသားစီမံကိန်းနှင့်ပညာရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့ကြောင်း မန္တလေးတက္ကသိုလ် ဖြစ်မြောက်ရေး စတင်တည်ထောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
၁၉၈၇ တွင် တမ္ပဝတီ ဦးဝင်းမောင်ကပုံတူရေးဆွဲခဲ့သည့် ဆရာကြီးဦးရာဇတ်၏ရုပ်ပုံကို ပြည့်ဝကြေးသွန်းလုပ်ငန်းက ကြေးသွန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာ
https://www.facebook.com/NewsWatchJournal/
မန္တလေးတက္ကသိုလ်တွင် ဦးရာဇတ်ရုပ်တု ဖွင့်ပွဲကျင်းပ
Reviewed by THITHTOOLWIN
on
11:34
Rating:
