ပေ ၇၀၀ ခန့်​နက်​​သော ​ချောက်​ထဲသို့ ဆိုင်ကယ် ထိုးကျ လူတစ်ဦး သေဆုံး


စစ်​ကိုင်းတိုင်း က​လေးမြို့မှ ချင်းပြည်​နယ်​ ဟားခါးမြို့သို့ အထည်​​ရောင်းရန်​ ဆိုင်​ကယ်​ဖြင့် တက်​လာ​သော ဦးဂိုဆွန်းခမ်​ (၃၄)သည်​ ဖလမ်းမြို့နယ်​ရှိ မွှန်းလီ(Hmunli)နှင့် မယ်​​ဟောလ်​(Mehol)ကြားတစ်​​နေရာ၌ ​ကားလမ်း​ဘေးရှိ ပေ ၇၀၀ ခန့်​နက်​​သော ​ချောက်​ထဲသို့ ၎င်း​မောင်းနှင်းလာ​သော ဆိုင်​ကယ်​ဖြင့် ကျကာ ​သေဆုံး​ကြောင်းကြားသိရသည်​။

ဦးဂိုဆွန်​ခမ်သည်​ ၎င်း၏​မွေးချင်းအစ်​ကိုနှင့် ခရီးထွက်​လာခြင်းဖြစ်​​ကြောင်း၊ အခင်းဖြစ်​ပွားချိန်​သည်​ မြန်​မာစံ​တော်​ချိန်​သည်​ ၁၄၊ ၁၁၊ ၂၀၁၆ ရက်​ မွန်းလွှဲ ၁၂ : ၃၀ ဝန်းကျင်ဖြစ်​​ကြောင်း၊ ဦးဂိုဆွန်းခမ်​သည်​ အစ်​ကို၏​နောက်​ ​ခြေလှမ်း ၁၀ လှမ်းခန့်​အကွာမှ လိုက်​လာခြင်းဖြစ်​​ကြောင်း၊ ၎င်းအစ်​ကိုက အသံကြား၍ လှည့်ကြည့်ရာ ​ချောက်​ထဲသို့ ကျ၍ ​အောက်​​ခြေ​ရောက်​ပြီး​ကြောင်း သိရှိရသည်​။

Hmunli ရွာမှ လူငယ်​များနှင့် ​ရောက်​ရှိလာ​သော ပြည်​သူ့ရဲ ​လေးဦးတို့က ည​နေပိုင်း ၄ : ၃၀ ခန့်​တွင် ​အ​လောင်းအား ဆယ်​ယူကာ ဖလမ်းမြို့ပြည်​သူ့​ဆေးရုံသို့  ခွဲစိတ်​​စစ်​​ဆေးရန်​ ​ပေးပို့ထား​ကြောင်း ကြားသိရသည်​။

Chin Thuthang ( CT ) Media; J Paupu &Phualva lungtuak page
ပေ ၇၀၀ ခန့်​နက်​​သော ​ချောက်​ထဲသို့ ဆိုင်ကယ် ထိုးကျ လူတစ်ဦး သေဆုံး ပေ ၇၀၀ ခန့်​နက်​​သော ​ချောက်​ထဲသို့ ဆိုင်ကယ် ထိုးကျ လူတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 23:05 Rating: 5
Powered by Blogger.