နတ်မောက်မှာ ခြောက်ဘီးယာဉ်တစ်စီး တိမ်းမှောက်

ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ခြောက်ဘီးယာဉ်တစ်စီး တိမ်းမှောက်
နတ်မောက် နိုဝင်ဘာ ၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် နဘူးကွဲကျေးရွာအနီး နိုဝင်ဘာလ ၂ရက် နံနက်၅နာရီ ၃၀ မိနစ် အချိန်က နတ်မောက်-ပျော်ဘွယ်ကားလမ်း မိုင်တိုင်အမှတ်၃၈/၁နှင့် ၃၈/၂အကြားတွင် ခရမ်းချဉ်သီး တင်ကုန်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ မြို့နယ်ရှိ စိုင်ကောင်းနယ်မြေရဲစခန်းမှ သတင်း ရရှိခဲ့သည်။

ယင်းဖြစ်စဉ်မှာယာဉ်မောင်းဦးဝင်းမြင့် မောင်းနှင်လာသည့် ညောင်ရွှေမြို့မှ တောင်တွင်းကြီးမြို့သို့ မောင်းနှင်လာသည့် ယာဉ်မောင်းဦးဝင်းမြင့် ယာဉ်9j/9682titan အဖြူရောင် အမျိုးအစား ခြောက်ဘီးယာဉ်သည် ခရမ်းချဉ်သီးများ တင်ဆောင်ပြီိး ရွှေညောင်မြို့မှ မောင်းနှင်လာစဉ် အိပ်ငိုက်၍ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်၏ညာဘက်မှန် ပျက်စီးခြင်း၊ ညာဘက်တံခါးဘောင် ပျက်စီးခြင်း၊ ယာဉ်ရှေ့မှန် ပျက်စီးခြင်း၊ ညာဘက်သစ်သားဘောင်တန်းနှင့် သံဘောင်များ ကျိုးပဲ့ပျက်စီးခြင်းများဖြစ်ပြီး ယာဉ်မောင်းသူမှာ တစုံတရာထိခိုက်ခဲ့ခြင်းမရှိ၍ ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းဦးဝင်းမြင့်အား စိုင်ကောင်းနယ်မြေရဲစခန်းမှ ယာဉ်(ပ)၈/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ၂၇၉အရ ယာဉ်ကို မဆင်မခြင် မောင်းနှင်မှုဖြင့် အမူဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်း ရရှိသည်။

နတ်မောက် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
နတ်မောက်မှာ ခြောက်ဘီးယာဉ်တစ်စီး တိမ်းမှောက်  နတ်မောက်မှာ  ခြောက်ဘီးယာဉ်တစ်စီး တိမ်းမှောက် Reviewed by THITHTOOLWIN on 16:04 Rating: 5
Powered by Blogger.