အသက်ကိုးနှစ်အရွယ် ပထမတန်းကျောင်းသူ တစ်ဦးအား အဓမ္မပြုကျင့်ကာ ရက်စက်စွာသတ်ဖြတ်မှုဖြစ်ပွား


ကော့သောင်း ၊ နိုဝင်ဘာ ၂၁ ရက်

ကော့သောင်းမြို့၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု ၊ ချောင်းဖျားကြီးကျေးရွာ တွင် အသက်ကိုးနှစ်အရွယ် ပထမတန်းကျောင်းသူ တစ်ဦးအား လူမဆန်စွာ အဓမ္မပြုကျင့် ၍ ရက်စက်စွာသတ်ဖြတ်ခဲ့မှု ဖြစ်စဉ်တစ်ခု နိုဝင်ဘာလ ၁၇ ရက်နေ့ကဖြစ်ပွားသည်။

ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ ဦးအောင်ထွန်း (ခ) နောင်ဘိတ် သည် အဆိုပါနေ့ ည (၈)နာရီခန့် က ရွာထဲ မှ ဗီဒီယိုကြည့်ပြီးအပြန် သမီးဖြစ်သူ အသက်ကိုးနှစ်အရွယ် ၊ ပထမတန်းကျောင်းသူ မမြတ်သူဝင်း မှာ အိမ်တွင် မတွေ့ရသဖြင့် ဇနီးဖြစ်သူအားရွာအတွင်းရှာဖွေခိုင်းရာ ရွာအတွင်းတွင် မတွေ့ရသဖြင့် ရွာသားများအကူအညီရယူကာလိုက်လံရှာဖွေကြရာ ရွာစွန် ဒေါ်-----၏ နေအိမ်အနောက်ဘက် ပေ၁၀၀ခန့်အကွာ ခန့်မှန်းမြေပုံညွှန်း (MM-679457) ၀ါးရုံတောများအနီး ပိန္နဲပင်အောက်တွင် ဆိုးရွားစွာအဓမ္မပြုကျင့်ပြီး ရင်ဝ ၊ ပါးစပ် ၊ လည်ဂုတ်၊ ၀ဲဘက်လည်ပင်းတို့တွင် ထိုးသွင်းဒဏ်ရာ ၊ ၀ဲနားရွက်အောက်ပြတ်ရှဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရခြင်းဖြစ်သည်။


အခင်းဖြစ်ပွားမှု နှင့်ဆက်စပ်တရားခံများ အား ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ၏ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူများ အပူတပြင်း စုံစမ်းဖေါ်ထုတ်ချက်အရ တရွာတည်းနေ အိမ်နီးချင်းများဖြစ်သည့် ဇင်မင်းထွေး ၊ သာကြီး ၊ ဦးဘီအီး (၃)ဦး မှ အုပ်စုလိုက် လူမဆန်စွာအကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး တစ်ရွာတည်းနေ မ၀င်းဝင်းထွေး ဆိုသူအမျိုးသမီးတစ်ဦးအကူအညီဖြင့် ပူးပေါင်း ကြံစည်သတ်ဖြတ် ခဲ့ကြောင်း နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ် နှင့်စပ်လျဉ်း၍ တရားခံ များဖြစ်သည့် ဇင်မင်းထွေး ၊ သာကြီး ၊ မ၀င်းဝင်းထွေး၊ ဦးဘီအီး တို့ အား ကော့သောင်းရဲတပ်ဖွဲ့စခန်းမှ မမစ(ကသမ)(ပ)၁၄၉၁/၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

Iprd Kawthoung
အသက်ကိုးနှစ်အရွယ် ပထမတန်းကျောင်းသူ တစ်ဦးအား အဓမ္မပြုကျင့်ကာ ရက်စက်စွာသတ်ဖြတ်မှုဖြစ်ပွား  အသက်ကိုးနှစ်အရွယ် ပထမတန်းကျောင်းသူ တစ်ဦးအား အဓမ္မပြုကျင့်ကာ ရက်စက်စွာသတ်ဖြတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:18 Rating: 5
Powered by Blogger.