ကုလားတန်မြစ်တွင် မော်တော်ဘုတ်တစ်စီး မီးလောင်မှု ဖြစ်ပွား


စစ်တွေ နိုဝင်ဘာ ၉

စစ်တွေမြို့အနီး ကုလားတန်မြစ်တွင် နိုဝင်ဘာလ (၉) ရက် မွန်းလွဲ ၂နာရီ ၁၅ မိနစ်အချိန်တွင် မော်တော်ဘုတ် တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မော်တော်ဘုတ်မှာ စစ်တွေမြို့လိပ် ရပ်ကွက်နေ ဦးငွေသိန်းပိုင် DOUBLE GREAT Co.ltd စက်လှေဖြစ်ပြီး အလျား (၃၅)ပေ အနံ(၉)ရှိ စက်အမျိုးအစား Nissan ED 35 မြင်းကောင်းရေ မော်တော်ဘုတ်ဖြစ်သည်။ ၎င်းမော်တော်ဘုတ်သည် ယနေ့မွန်းလွဲ (၁)နာရီ (၄၅) မိနစ်တွင် စစ်တွေမြို့မှ ပေါက်တောမြို့နယ် အနောက်ရဲစခန်းသို့ SOLLDARIFTS International မှ ထောက်ပံ့ပစ္စည်းများအား ပို့ဆောင်ရန် ထွက်ခွါခြင်း ဖြစ်ကြောင်း သိရသည်။


 ယနေ့ မွန်းလွဲ (၂)နာရီ (၁၅)မိနစ်တွင် စစ်တွေမြို့ မိဇံကမ်းနားလမ်းမှ ကိုက်(၅၀၀)အကွာ မြစ်လယ်အရောက်တွင် ဘုတ်မီးခိုးတိုင်၏ အပူချိန်ကြောင့် ကယ်ဆယ်ရေး ပစ္စည်းများသို့ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း ၎င်းမီးလောင်မှုအား စစ်တွေမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့မှ ရောက်ရှိလာပြီး မီးငြိမ်းသတ်ခဲ့ရာ မွန်းလွဲ(၂)နာရီတွင် မီးငြိမ်းသွား ခဲ့ကြောင်း သိရသည်။


အဆိုပါ မော်တော်ဘုတ်ပေါ်တွင် ရေယာဉ်အုပ် ဦးလှရွှေ (သဲခုံကျေးရွာ)နှင့် စက်ဆရာ ဦးဒိုးသီးအောင် (သဲခုံကျေးရွာ) တို့ (၂)ဦး မောင်းနှင် ထွက်ခွါလာခြင်း ဖြစ်ပြီး အသက် အန္တရာယ် ထိခိုက်မှု တစ်စုံတရာ မရှိကြောင်းနှင့် မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်တွေမြို့မ ရဲစခန်းမှ ကနဦး အမှုဖွင့်လှစ် စစ်ဆေး ဆောင်ရွက်လျှက် ရှိကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန စစ်တွေမြို့မှ သိရှိရသည်။

တင်ထွန်း(ခရိုင်ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကုလားတန်မြစ်တွင် မော်တော်ဘုတ်တစ်စီး မီးလောင်မှု ဖြစ်ပွား  ကုလားတန်မြစ်တွင် မော်တော်ဘုတ်တစ်စီး မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 19:23 Rating: 5
Powered by Blogger.