စစ်တွေမြို့ရှိ ဘင်္ဂလီဒါးပိုင်ကျေးရွာမှာ ဈေးဆိုင်ခန်းများ မီးလောင်မှုဖြစ်ပွား


ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဘုမေကျေးရွာအုပ်စု၊ ဘင်္ဂလီဒါးပိုင်ကျေးရွာမှာ နိုဝင်ဘာလ(၇)ရက်မနက်(၃)နာရီ အချိန်က ဈေးဆိုင်ခန်းတွေ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 မီးလောင်ရတာက ဒါးပိုင်ကျေးရွာ ဦးမာမောက်ရှုပ်ကူုရဲ့ အထည်အရောင်းဆိုင်ခန်းမှ စတင်ကာ မီးလောင်တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဒါးပိုင်ဈေးမှာ ညစောင့်နေသူက ဖယောင်းတိုင်မီးထွန်းပြီး ဖယောင်းတိုင်မီးက တစ်ဆင့်အိမ်ဝါးထရံကိုကူးစက်ကာ လောင်ကျွမ်းတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူးဦးစံရွှေထွန်းက ပြောပါတယ်။

အဲဒီမီးလောင်မှုကို ပြည်နယ်မီးသတ်ဦးစီးမှူးဦးဆောင်ကာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေ ငြိမ်းသတ်မှုကြောင့် မနက်(၃)နာရီမိနစ်(၂၀)မှာ မီးထိန်းကာ မနက်(၃)နာရီ(၃၀)မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 မီးလောင်မှုကြောင့် ဓနိမိုး၊မြေစိုက်ဈေးဆိုင်ခန်းငယ်(၉)ခန်းနဲ့ လဖ္ဘက်ရည်ဆိုင် အုတ်ကာသွပ်မိုးမြေစိုက်(၁)ခန်း မီးလောင်ဆုံးရှုံး ခဲ့ရပါတယ်။

ပျက်စီးဆုံးရှုံးမှု တန်းဖိုးကတော့ ငွေကျပ်(၆)သိန်းဖိုးနီးပါး ဆုံးရှုံးခဲ့တာဖြစ်တယ်လို့ ပြည်နယ်မီးသတ်ဦးစီးမှူးဦးစံရွှေထွန်းက ဆက်လက်ပြောပါတယ်။

မီးလောင်မှုကြောင့်ထိခိုက်၊ ဒဏ်ရာရသေဆုံးသူ မရှိဘူးလို့သိရပါတယ်။ မီးစတင်လောင်ကျွမ်းမှုဖြစ်ခဲ့တဲ့ ဈေးဆိုင်ပိုင်ရှင်ဦးမာမောက်ရှုပ်ကူ(၂၅)နှစ်(ဘ)ဦမာဆောင်းအား စစ်တွေမြို့မြို့မရဲတပ်ဖွဲ့စခန်းမှ ပုဒ်မ(၂၈၅)နဲ့အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒီသတင်းကိုရခိုင်ပြည်နယ်၊ စစ်တွေဗျူရိုမှကျော်လွင် ကပေးပို့ ထားတာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/

စစ်တွေမြို့ရှိ ဘင်္ဂလီဒါးပိုင်ကျေးရွာမှာ ဈေးဆိုင်ခန်းများ မီးလောင်မှုဖြစ်ပွား စစ်တွေမြို့ရှိ ဘင်္ဂလီဒါးပိုင်ကျေးရွာမှာ ဈေးဆိုင်ခန်းများ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 12:15 Rating: 5
Powered by Blogger.