အသုဘပွဲ မှာ ဟင်းချက်ရာက ကော့စတစ် ဆိုဒါထည့်ချက်မိလို့  (၁၇)ဦး အဆိပ်သင့်

၂-၁၁-၂၀၁၆

ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပန်းခရိုင်Wang Sai Kham ၀မ်စိုင်ခန်ကျေးရွာမှာ အသုဘပွဲ လာရောက်ကြကူညီလုပ်ကိုင်နေကြတဲ့ သူတွေကို နေ့ လည်စာနဲ့ ဧည့်ခံရာကနေ ဟင်းအဆိပ်ဖြစ်ပွားခဲ့လို့  အမျိုးသား-အမျိုးသမီး (၁၇)ဦး အရေးပေါ်ဆေးရုံတင်ကုသနေရပါတယ်။

ထမင်းဟင်း တာဝန်ယူချက်ပေး တဲ့ အမျိုးသမီးဟာ ကော့်စတစ် ဆိုဒါကို ဆား မှတ်ပြီး ဟင်းထဲမှာ ထည့်ချက်ခဲ့တာကြောင့်ခုလို အဆိပ်သင့်ခဲ့တာပါ၊ စားမိ တဲ့သူတွေဟာ ချက်ချင်းလည်ချောင်းနာ -ရင်ဘတ်လဲအောင့်နူတ် ခမ်းတွေချောက်ပြီး သတိမေ့ တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ ဆိုလာဖိုင်ဟာ အက်စစ်အပြင်းစား တစ်မျိုးဖြစ်တာကြောင့် ၀မ်းဗိုက်ထဲမှာပူလာပြီး အစာ အိမ် လမ်းချောင်းကို ဒုက္ခပေးပါတယ်။


ထိုင်းနိုင်ငံမှာ ဆိုလာဖိုင်(Caustic soda) ဆိုဒီယမ် ဟိုက်ဒေါဆိုဒ်ကို သံချေးချွတ် -အိမ် တွင်းရေပိုက်-အိမ်သာပိုက်တွေသန့် ရှင်းရာမှာ သုံးနေတဲ့ အဖြူရောင် အဖတ် လေးတွေပါ။

ရေပိုက်ထဲက ဆွဲထုတ်မရတဲ့ အမှိုက်တွေကို ဆော်ဒါ (ဆိုလာဖိုင်) နဲ့ သုံးပြီး လောင်းချလိုက်ရင် ရေဟာ ပွက်ပွက်ဆူလာမယ် ပြီးရင် ပိုက်ထဲမှာ ပိတ်ဆို့ နေ တဲ့ အမှိုက်တွေကိုသန့် ရှင်းပေးရာမှာ သုံးကြတာတွေ့ ရပါတယ်။

(SAW)
ကိုကား Daily news
Social Action for Women - SAW
အသုဘပွဲ မှာ ဟင်းချက်ရာက ကော့စတစ် ဆိုဒါထည့်ချက်မိလို့  (၁၇)ဦး အဆိပ်သင့်  အသုဘပွဲ မှာ ဟင်းချက်ရာက ကော့စတစ် ဆိုဒါထည့်ချက်မိလို့  (၁၇)ဦး အဆိပ်သင့် Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.