![]() |
မော်ဟန်ရွာ သီလရှင်သင် ပညာရေးကျောင်းတွင် (စေတနာသင်) ဆရာမတစ်ဦးနှင့် အမျိုးသားတစ်ဦး စကားများရာမှ ကျောက်တုံးနှင့် ရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာများရရှိ ဆေးရုံသို့ပို့ဆောင်ပြီး သက်ဆိုင်ရာက အရေးယူခဲ့ |
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ သီလရှင်သင် ပညာရေးကျောင်းတွင် စေတနာ ဝန်ထမ်းသင်ကြားပေးနေသော ဆရာမနှင့် အမျိုးသားတစ်ဦး စကားများရာမှ အနီးရှိ ကျောက်တုံးဖြင့် ရိုက်မိရာ ဒဏ်ရာများရရှိခဲ့၍ မိုးညှင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း
သိရပါတယ် ။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ရက် နေ့လည်၁၂နာရီခွဲ အချိန်ခန့်က မော်ဟန်ရွာကျေးရွာ ရွာမရပ်နေ ဦးခင်မောင်ကျော်က မော်ဟန်ရွာဘုန်းတော်ကြီး ကျောင်းကထိန်အလှူ ပွဲတွင် ရောက်ရှိနေစဉ် ၎င်း၏ညီမဖြစ်သူ မတင်မိုးသူ ၂၈နှစ်(ဘ) ဦးမောင်မောင် ကျောင်းဆရာမ (စေတနာ့ ဝန်ထမ်း) သီလရှင်ပညာသင်ကျောင်း ရွာမရပ် မိုးညှင်းမြို့နယ် နေသူ ၎င်း၏ညီမအား တစ်ရွာတည်းနေသူ ဆန်းဝင်းအောင်၃၀နှစ်(ဘ) ဦးဥာဏ်အောင် တောင်သူ မော်ဟန်ကျေးရွာ မိုးညှင်းမြို့နယ် နေသူက ကျောက်တုံးဖြင့် ရိုက်နှက်ခဲ့ကြောင်း ကြားသိရပါတယ်။
အဆိုပါ သီလရှင်ပညာသင် ကျောင်းဝင်းအတွင်း ဆန်းဝင်းအောင် ရောက်ရှိလာပြီး မတင်မိုးနှင့် စကားပြောဆိုနေစဉ် စကားများရန်ဖြစ်ရာမှ (၁၅)လက္မခန့်ရှိသော ကျောက်တုံး(၁)တုံးဖြင့် ရိုက်နှက်ခဲ့ကြောင်း သိရပါတယ်။
ဦးခင်မောင်ကျော် သွားရောက်ကြည့်ရှု ရာ ညီမဖြစ်သူ မတင်မိုးသူ၏ ဦးခေါင်းငယ်ထိပ်တွင် ပေါက်ပြဲ ဒဏ်ရာ(၁)ချက် ယာနားထင်ပေါက်ပြဲဒဏ်ရာ (၁)ချက် ယာဘက်ပါးဖူးရောင်ဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ)တို့ဖြင့် ရရှိနေသည်ကို တွေ့ရှိရပါတယ်။
မိုးညှင်းရဲစခန်းမှ မတင်မိုးသူအား ထိခိုက်ဒဏ်ရာ ရအောင်ပြုလုပ်သူ ဆန်းဝင်းအောင်အား (ပ)၃၄၃/၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၂၅ဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး အမှု စစ်ဒုရဲအုပ်တင်ဝင်း က ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ် ။
Cyclone Mawlu
https://www.facebook.com/cyclone.mawlu
(စေတနာသင်) ဆရာမတစ်ဦး ကျောက်တုံးဖြင့် ရိုက်နှက်ခံရ
Reviewed by THITHTOOLWIN
on
23:04
Rating:
