ဇီကာကူးစက်ခံထားရသူ ၆၈၀ ကျော်ရှိနေပြီဟု ထိုင်းအစိုးရထုတ်ပြန်


ဘန်ကောက်

ထိုင်းနိုင်ငံတွင် ဇန်နဝါရီမှစပြီး ဇီကာကူးစက်ခံထားရသူ ၆၈၀ ကျော်ရှိနေပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။

ဇီကာကူးစက်ခံထားရသူသစ် ၃၃ ဦးကိုလည်း တွေ့ရှိခဲ့မှုကြောင့် ကူးစက်ခံထားရသူ ဦးရေသည် ၆၈၀ ဦးကျော်သွားပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။

“နောက်ထပ်ခရိုင်နှစ်ခုမှာ ကူးစက်ခံထားရသူသစ် ၃၃ ဦးကို တွေ့ရှိခဲ့ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ သုဝဏ္ဏချိုင် ဝတ္တနယင်ချာရွန်ချိုင်က ရိုက်တာစ်သတင်းဌာနသို့ ပြောဆိုခဲ့သည်။

ကံတော်ကုန်သွားသည့် ဘုရင် ဘူမိဘော အဒူလျာဒေဇအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ် အခမ်းအနားများတွင် ပါဝင်ရန် ထိုင်းနိုင်ငံသားများသည် မြို့တော် ဘန်ကောက်သို့ လာရောက်နေသောကြောင့် ခရီးသွားများအတွက် ဇီကာဆိုင်ရာ သတိပေးမှုများကို တိုးမြှင့်လုပ်ဆောင်နေရကြောင်း သုဝဏ္ဏချိုင်က ပြောဆိုခဲ့သည်။

ဇီကာဆိုသည်မှာ ထင်သာမြင်သာရှိသော ရောဂါမဟုတ်ကြောင်း၊ ကူးစက်ခံထားရသူများတွင်လည်း ရောဂါလက္ခဏာမပြကြောင်း သတိပေးနေရသည်ဟု ၄င်းက ပြောဆိုခဲ့သည်။

ဇီကာရောဂါဖြစ်ပွားသူများ ရှိနေပြီဖြစ်ကြောင်း ထိုင်းအစိုးရက စက်တင်ဘာတွင် ထုတ်ပြန်ခဲ့သည်။ စင်ကာပူတွင်လည်း ဇီကာဖြစ်ပွားသူ ၄၅၀ ဦး ရှိနေသည်။

ဇီကာကူးစက်ခံထားရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဦးခေါင်း အင်မတန်သေးငယ်သည့် ကလေးငယ်များကို မွေးဖွားတတ်သည်။

Source:Reuters

ရိုးမြေ
SKY Land News & Entertainment Media
https://www.facebook.com/skyland.news
ဇီကာကူးစက်ခံထားရသူ ၆၈၀ ကျော်ရှိနေပြီဟု ထိုင်းအစိုးရထုတ်ပြန်  ဇီကာကူးစက်ခံထားရသူ ၆၈၀ ကျော်ရှိနေပြီဟု ထိုင်းအစိုးရထုတ်ပြန် Reviewed by THITHTOOLWIN on 15:54 Rating: 5
Powered by Blogger.