သင်္ဃန်းကျွန်းမြို့နယ်တွင် နေအိမ်အတွင်းဝင်ရောက် အနုကြမ်းစီးမှုဖြစ်ပွား


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း အောက်တိုဘာ ၃၁ရက်နေ့ နေ့လယ်ပိုင်းက အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှသိရသည်။

ဖြစ်ပွားပုံမှာ ယင်းနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က သင်္ဃန်းကျွန်းမြို့နယ် ဦးခင်အေး သည် တရပ်ကွက်ထဲနေထိုင်သူတဦး၏နာရေးအား သွားရောက်ပို့ဆောင်နေစဉ် ၄င်း၏နေအိမ်သို့ အသက် ၃၀ အရွယ်ခန့်ရှိ အမျိုးသား ၂ ဦးရောက်ရှိလာပြီး နေအိမ်တွင်ကျန်ရစ်သည့်ဇနီး ဒေါ်ခင်သန်းဦးကို အစ်မရှိလားဟုဆိုကာ နေအိမ်အတွင်းဝင်ရောက်လာခဲ့ကြောင်း၊ ထို့နောက် ချွန်ထက်သောပစ္စည်းဖြင့်ထောက်ကာ အိမ်ခန်းအတွင်းခေါ်ဆောင်သွားခဲ့ပြီး ပစ္စည်းများထုတ်ပေးရန် ကြိမ်းမောင်းခြိမ်းခြောက်ပြီး ၀တ်ဆင်ထားသော ရွှေဆွဲကြိုး ၁ ကုံး၊ လက်ကောက် ၂ ကွင်း၊ နားကပ် ၁ ရံ စုစုပေါင်း တန်ဖိုး ၁,၄၇၀,၀၀၀ ကျပ်ဖိုးခန့်ကို ယူဆောင်ထွက်ပြေးသွားကြောင်း သိရသည်။

ယင်းအနုကြမ်းစီးမှုကိုကျုးလွန်သူ ၂ ဦးကို သင်္ဃကျွန်းမြို့မရဲစခန်းက (ပ)၁၀၀၅/၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၆/၄၅၂ တို့ဖြင့် အမှုဖွင့် စုံစမ်းလျှက်ရှိပြီး တရားခံများ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုရဲ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
သင်္ဃန်းကျွန်းမြို့နယ်တွင် နေအိမ်အတွင်းဝင်ရောက် အနုကြမ်းစီးမှုဖြစ်ပွား သင်္ဃန်းကျွန်းမြို့နယ်တွင် နေအိမ်အတွင်းဝင်ရောက် အနုကြမ်းစီးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:20 Rating: 5
Powered by Blogger.