မြန်မာ့ရေပိုင်နက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ခြောက်ဦးအား ဖမ်းဆီးရမိ

မြန်မာ့ရေပိုင်နက်အတွင်း ၀င်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စက်လှေတစ်စင်းပေါ်တွင် လိုက်ပါလာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ခြောက်ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အလယ်သံကျော်ကျေးရွာ၏ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် မသင်္ကာဖွယ် စက်လှေတစ်စင်းအားတွေ့ရှိသဖြင့် တပ်မတော်(ရေ)မှ သွားရောက်စစ်ဆေးရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းစက်လှေတစ်စင်းအားတွေ့ရှိခဲ့ပြီး စက်လှေပေါ်တွင်လိုက်ပါလာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများဖြစ်သည့် ဘာမင်ဟူစိန်(ဘ)ဆိုင်းမာမွတ်၊ မော်တေကောရီ(ဘ)ဟာပီပီလာမွတ်၊ ရော်စူးအူလာ (ဘ)လူလူမာ၊ မဟာမွန်ဟူစိန်(ဘ)ရိုဦးမာမွတ်၊ တာတာဟူစိန်(ဘ)လာမာမွတ်နှင့် မာမွန်ဟာကီ(ဘ) ဟာလီဟိုဆွန်းတို့ ခြောက်ဦးအားဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများအား စစ်ဆေးဆောင်ရွက်နိုင်ရေး အလယ်သံကျော်နယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia/
မြန်မာ့ရေပိုင်နက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ခြောက်ဦးအား ဖမ်းဆီးရမိ  မြန်မာ့ရေပိုင်နက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ခြောက်ဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:38 Rating: 5
Powered by Blogger.