တရားနာသွားစဉ် နေအိမ်အတွင်းက ရွှေထည်နဲ့ စိန်ထည်ပစ္စည်းတွေအခိုးခံရ


တရားနာသွားစဉ် နေအိမ်အတွင်းက (၄၁)သိန်းကျော်တန်ဖိုးရှိ ရွှေထည်နဲ့စိန်ထည် အခိုးခံရမှု စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်မှာ အခုလ (၁၀)ရက်က ဖြစ်ပွားခဲ့ပါတယ်။

 ကုန်သွယ်လယ်ယာဌာနက အငြိမ်းစားအမျိုးသားတစ်ဦးဟာ ဇနီးဖြစ်သူနဲ့အတူ နေအိမ်နဲ့ တစ်မိုင်ခန့်အကွာ ဘုန်းကြီးကျောင်းကို အိမ်တံခါးပိတ်ပြီးတရားနာသွားရောက်ခဲ့စဉ် အခိုးခံရတာဖြစ်ပါတယ်။

 တရားပွဲပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ နေအိမ်အောက်ထပ်တံခါးပွင့်နေတဲ့အတွက် စစ်ဆေးခဲ့ရာ မှန်ဘီဒိုအတွင်းထည့်ထားတဲ့ ရွှေထည်နဲ့ စိန်ထည်တွေ ပျောက်ဆုံးနေတာ သိရှိခဲ့တာဖြစ်ပါတယ်။

 ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပစ္စည်းခိုးယူသူကို ဖော်ထုတ်အရေးယူနိုင်ဖို့ အိမ်ရှင်ဖြစ်သူအမျိုးသားက တရားလိုပြုပြီးတိုင်တန်းခဲ့ရာ မင်းကင်းမြို့မရဲစခန်းက (ပ) (၁၈၉/၂၀၁၆)၊ ရာဇသတ်ကြီးဥပဒေအရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

5 Plus News
https://www.facebook.com/5plusnews
တရားနာသွားစဉ် နေအိမ်အတွင်းက ရွှေထည်နဲ့ စိန်ထည်ပစ္စည်းတွေအခိုးခံရ  တရားနာသွားစဉ် နေအိမ်အတွင်းက ရွှေထည်နဲ့ စိန်ထည်ပစ္စည်းတွေအခိုးခံရ Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.