ကွတ်ခိုင်မြို့နယ်တွင် တွဲကားနှစ်စင်း ဖောက်ခွဲဖျက်ဆီးခံရ၊ တွဲကား အနီးရှိ ခရီးသည်တင်ကားပါမီးလောင်ပျက်စီး


မူဆယ်၊ နိုဝင်ဘာ ၂၅။

ရှမ်းပြည်နယ်-မြောက်ပိုင်း၊ မန္တလေး-မူဆယ်လမ်းပိုင်းတွင်ပါဝင်သည့် ကွတ်ခိုင်မြို့နယ် နှင့် နမ့်ဖတ်ကာကျေးရွာ အကြား ၊ နန့်ဖတ်လွန်းကျေးရွာ အနီးတွင် ယနေ့နေ့လယ်ပိုင်းက တွဲကားနှစ်စင်းမိုင်းခွဲဖျက်စီးခံရကြောင်း၊ KIA၊ TNLA ၊MNDAA ပူးပေါင်း အဖွဲ့က ဖောက်ခွဲဖျက်စီးခဲ့ခြင်းဖြစ်ကြောင်း ကွတ်ခိုင် ဒေသခံတစ်ဦး ယနေ့ (နိုဝင်ဘာလ ၂၅ ) ရက် ညနေပိုင်းတွင် AHN သို့ပြောသည်။

” ကျောက်မဲ- မူဆယ် ပြေးဆွဲတဲ့ ကျွန်မတို့” ပေါ်လွင် ”ခရီးသည် တင် ကား ဘေးမှာ ရှိတဲ့ တွဲကားကိုမိုင်းဖောက်ပြီး ဖျက်စီးလိုက်တာကြောင့် ကျွန်မတို့ခရီးသည်တင်ကားလည်း မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။ ခရီးသည်တွေ ကတော့ ဘာမှ မဖြစ်ပါဘူး၊ ခရီးသည်တွေကို ကားပေါ်က ဆင်းခိုင်းပြီး မှ ဘေးက တွဲကားကို မိုင်းခွဲလိုက်တာပါ။ တွဲကားပေါ်က လူတွေကိုလည်း ကားပေါ်က ဆင်းခိုင်းပြီး မှ မိုင်းခွဲတာဖြစ်တယ်လို့ ပျက်စီးသွားတဲ့ ပေါ်လွင် ကားကိုမောင်းတဲ့ ကျွန်မတို့ဒရိုင်ဘာက ဒီညနေမှာပြောပါတယ်။ ” ဟု ကျောက်မဲမြို့ရှိ၊ ပေါ်လွင်ကားဂိတ်မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးကပြောသည်။


နန့်ဖတ်လွန်းကျေးရွာ အနီးတွင် တွဲကားနှစ်စင်း မိုင်းခွဲဖျက်စီးခံရသည်ဆိုခြင်းမှာ မှန်ကန်ပါကြောင်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်ကျော်ထွန်းက ယနေ့ ညနေပိုင်းတွင် AHN သို့ပြောသည်။

SKY

PHOTO - Aye Min Fb
The Asia Heart News
ကွတ်ခိုင်မြို့နယ်တွင် တွဲကားနှစ်စင်း ဖောက်ခွဲဖျက်ဆီးခံရ၊ တွဲကား အနီးရှိ ခရီးသည်တင်ကားပါမီးလောင်ပျက်စီး ကွတ်ခိုင်မြို့နယ်တွင် တွဲကားနှစ်စင်း ဖောက်ခွဲဖျက်ဆီးခံရ၊ တွဲကား အနီးရှိ ခရီးသည်တင်ကားပါမီးလောင်ပျက်စီး Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.