သက်ငယ် မုဒိမ်းမှု တိုးလာ

လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့် စော်ကားမှု တိုးလာနေ 
ဒီနှစ် ၂၀၁၆ခုနှစ် ၁၀ လပိုင်း အထိ မုဒိမ်းမှုတွေဖြစ်နေတဲ့ အထဲမှာ မနှစ်ကထက် သက်ငယ်မုဒိမ်းမှုတွေ ပိုများလာနေပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စာရင်း အရ ဒီနှစ် အစောပိုင်း ၁၀လအတွင်း ဖြစ်တဲ့ မုဒိမ်းမှုဟာ ပြီးခဲ့တဲ့၂၀၁၅ တနှစ်လုံးမှာ ဖြစ်ခဲ့တဲ့ မုဒိမ်းမှုပေါင်း ၈၀ဝကျော်ထက် ပိုများလာနေလို့ အများက စိုးရိမ်နေကြပါတယ်။

မုဒိမ်းမှု ကျူးလွန်သူ တယောက်အတွက် အမြင့်ဆုံးအပြစ်ဒဏ်ဟာ ထောင်ဒဏ် နှစ် ၂၀ မို့ လုံလောက်တဲ့ ပြစ်ဒဏ်လို့ ယူဆကြောင်း ဒုရဲမှူးကြီးရွှေသောင်းက ပြောပါတယ်။

ဒါပေမယ့် သက်ငယ်မုဒိမ်းမှုတွေမှာ အမြင့်ဆုံး ပြစ်ဒဏ် ဖြစ်တဲ့ သေဒဏ်က လွဲလို့ တခြား ပြစ်ဒဏ် မရှိသင့်ဘူးလို့ သင်္ကန်းကျွန်း လွတ်တော် ကိုယ်စားလှယ်ဟောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်က ဆိုပါတယ်။

ဦးသိန်းညွန့်ဟာ သက်ငယ်မုဒိမ်းမှုတွေမှာ သေဒဏ်ပေးဖို့ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာ ၃ကြိမ်တိုင်တိုင် အဆိုတင်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလော ထုတ်ပြန်တဲ့ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းရဲတပ်ဖွဲ့တွေက ထုတ်ပြန်တဲ့စာရင်းအရ သက်ငယ်မုဒိမ်းမှုတွေဟာ မြှင့်တက်နေတာကြောင့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေ တိုးမလာအောင် ပြစ်မှု ကျူးလွန်သူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပေးသင့်တယ်လို့ အကြံပေးမှုတွေလည်း ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
သက်ငယ် မုဒိမ်းမှု တိုးလာ သက်ငယ် မုဒိမ်းမှု တိုးလာ Reviewed by THITHTOOLWIN on 22:13 Rating: 5
Powered by Blogger.