အင်းဝအပ်ချုပ်ဆိုင်အမှု ရပ်ကွက်အုပ်ချုပ်ရေးမှူးအား လိုပြသက်သေအဖြစ်စစ်ဆေး


ရန်ကုန် နိုဝင်ဘာ ၃

အိမ်အကူအမျိုးသမီး နှစ်ဦးအား ညှဉ်းပန်းနှိပ်စက်ခဲ့မှုဖြင့် အင်းဝအပ်ချုပ် ဆိုင်မိသားစုအား စွဲဆိုထားသောအမှု နှင့်ပတ်သက်၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး၌ ရာဇဝတ်မှုကြီး အမှုအမှတ် ၁၁ဝ/၂ဝ၁၆ ဖြင့် ဒုတိယရဲမှူး မျိုးသိန်းက တရားလို ပြုလုပ်ကာ ဒေါ်တင်သူဇာပါ ခြောက်ဦး အမှုအတွက် တရားလိုပြသက်သေတစ်ဦး အား ဆက်လက်စစ်ဆေးခဲ့သည်။

ယင်းကဲ့သို့ တရားလိုပြသက်သေ အား စစ်ဆေးခဲ့ရာတွင် ၂ဝဝ၆ ခုနှစ်မှ ယနေ့အထိတိုင် အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်ခဲ့သူ ကျောက်တံတားမြို့နယ် အမှတ် (၉)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလွင်ဦးအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ အုပ်ချုပ် ရေးမှူးက ၂ဝ၁၄ ခုနှစ် စက်တင် ဘာလက အင်းဝအပ်ချုပ်ဆိုင်၌ အလုပ် လုပ်နေသော မစမ်းကေခိုင်၊ မသဇင် တို့၏ မိဘများက လစာအပြည့်အဝ မရမှု၊ ကလေးများနှင့် မိဘများအား တွေ့ခွင့် မပေးမှုတို့အပေါ် တိုင်တန်းမှုကြောင့် အင်းဝအပ်ချုပ်ဆိုင်မိသားစုအား နှစ်ကြိမ် တိုင် နှုတ်ဖြင့်ခေါ်ယူခဲ့သော်လည်း လာရောက်ဖြေရှင်းမှုမရှိကြောင်း၊ ၁၈-၉-၂ဝ၁၄ ရက်တွင် အုပ်ချုပ်ရေးမှူးက စာထုတ်၍ ခေါ်ယူခဲ့သဖြင့် ဒေါ်တင်သူဇာ၊ သီရိလတ်၊ စုမွန်လတ်တို့ လာရောက် ဖြေရှင်းခဲ့သော်လည်း ဒေါ်တင်သူဇာက အုပ်ချုပ်ရေးမှူးအား 'အကြောင်းသိစေ ရမယ်'ဟု ခြိမ်းခြောက်ပြောဆိုခဲ့ ကြောင်း၊ ¤င်းတို့သည် ရပ်ကွက်အတွင်း ဧည့်စာရင်းဖြင့် နေထိုင်ကြသူများဖြစ် ကြောင်း၊ ဧည့်စာရင်းလာရောက် စစ်ဆေးသည့်အခါတိုင်း မိသားစုလိုက် ကားဖြင့် ထွက်ခွာသွားလေ့ရှိကြောင်း စသည်ဖြင့် တရားခွင်၌ ထွက်ဆို ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ကော့မှူး မြို့နယ်မှ မစမ်းကေခိုင်နှင့် မသဇင်တို့ သည် လွန်ခဲ့သောငါးနှစ်က အင်းဝ အပ်ချုပ်ဆိုင်၌ အိမ်အကူများအဖြစ် လုပ်ကိုင်ကြစဉ် ညှဉ်းပန်းနှိပ်စက်ခံရ သဖြင့် ဒုတိယရဲမှူး မျိုးသိန်းက တရားလို ပြုလုပ်ကာ အနောက်ပိုင်းခရိုင် တရားရုံး ၌ ဒေါ်တင်သူဇာ၊ ဦးကိုလတ်၊ သီရိလတ်၊ စုမွန်လတ်၊ တင်မင်းလတ်နှင့် ရာဇာထွန်း တို့အား အမှုစစ်ဆေးလျက်ရှိရာ ဦးစွာ ပထမလိုပြသက်သေများကို စစ်ဆေးနေ ခြင်းဖြစ်သည်။

စက်တင်ဘာလမှ စတင်ကာ အနောက်ပိုင်းခရိုင် တရားရုံး၌ တရားလို ဒုတိယရဲမှူး မျိုးသိန်းအပါအဝင် တရားလို ပြသက်သေများအား စစ်ဆေးလျက်ရှိရာ ယခုသီတင်းပတ်တွင် လေးဦးမြောက် တရားလိုပြသက်သေအဖြစ် ကျောက် တံတားမြို့နယ် အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးအား စစ်ဆေးခဲ့ခြင်းဖြစ် ပြီး လိုပြသက်သေ ၁၅ ဦးအထိ စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-မြင့်မောင်စိုး
ဓာတ်ပုံ-အေကေလင်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အင်းဝအပ်ချုပ်ဆိုင်အမှု ရပ်ကွက်အုပ်ချုပ်ရေးမှူးအား လိုပြသက်သေအဖြစ်စစ်ဆေး  အင်းဝအပ်ချုပ်ဆိုင်အမှု ရပ်ကွက်အုပ်ချုပ်ရေးမှူးအား လိုပြသက်သေအဖြစ်စစ်ဆေး Reviewed by THITHTOOLWIN on 11:22 Rating: 5
Powered by Blogger.