ဂျာမနီရဲတပ်ဖွဲ့က နိုင်ငံအတွင်းရှိ ဗလီကျောင်းများကို ၀င်ရောက်စီးနင်း


ဘာလင် ၊ ၁၆-၁၁-၂၀၁၆

ဂျာမနီ ရဲတပ်ဖွဲ့ဝင် များသည် နိုင်ငံ၏ ပြည်နယ် ၁ဝ ခုအတွင်းရှိ ဗလီကျောင်းများ၊ အဆောက်အအုံ များနှင့် ဌာနဆိုင်ရာ ရုံးများကို ဝင်ရောက် စီးနင်းပြီး ISIS စစ်သွေးကြွ များနှင့် ဆက်နွှယ်သည့် အဖွဲ့တစ်ဖွဲ့ ကိုလည်း အစိုးရက တားမြစ်ပိတ်ပင် လိုက်နိုင်ကြောင်း ဂျာမနီ ပြည်ထဲရေး ဝန်ကြီးဌာန က ပြောသည်။

အစိုးရက တားမြစ်ပိတ်ပင် လိုက်သည့် DWR "True Religion" အဖွဲ့သည် ISIS စစ်သွေးကြွ အဖွဲ့အတွက် လူသစ် စုဆောင်းပေး နေသည်ဟု ယူဆရသည့် ကွန်ရက်တစ်ခု ဖြစ်သည်ဟု ဂျာမနီ ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး တစ်ဦးက ပြောသည်။ သို့သော် အဆိုပါအဖွဲ့၏ လုပ်ဆောင်မှု များသည် အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ် နေခြင်းနှင့် ပတ်သက်၍ မည်သည့် သတင်း အချက်အလက် ကိုမျှ ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

ထို့ပြင် ၄င်းအဖွဲ့သည် ဂျာမနီနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်သည့် အပြင် မုန်းတီးရေး လှုံ့ဆော်မှု များကိုလည်း လုပ်ဆောင်သည်ဟု ပြည်ထဲရေး ဝန်ကြီး သောမက်စ် ဒီမေးဇီးယား က ယူဆကြောင်း အဆိုပါ အမျိုးသမီး က ဆက်လက် ပြောသည်။

PyiChitThar
http://www.pyichitthar.com
ဂျာမနီရဲတပ်ဖွဲ့က နိုင်ငံအတွင်းရှိ ဗလီကျောင်းများကို ၀င်ရောက်စီးနင်း   ဂျာမနီရဲတပ်ဖွဲ့က နိုင်ငံအတွင်းရှိ ဗလီကျောင်းများကို ၀င်ရောက်စီးနင်း Reviewed by THITHTOOLWIN on 11:34 Rating: 5
Powered by Blogger.