ခြင်ဆေးခွေမှ မွှေ့ယာသို့ကူးစက် နေအိမ်မီးလောင်မှုဖြစ်ပွား


နိုဝင်ဘာ ၂၅ ရက် မြစ်ကြီးနား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ ၁၄ လမ်းသွယ် ၃၂ တွင် ယနေ့ နံနက် ၆ နာရီ ခွဲအချိန်ကခြင်ဆေးခွေ မှမွှေ့ယာသို့ကူးစက်၍ နေအိမ်မီးလောင်ကျွမ်းမူ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ် မှ ဒေါ်အဇီမာ ၏ ၁၄×၁၄ ပေ သွပ်မိုး ထရံကာ ပျဉ်ခင် နှစ်ထပ် လူနေအိမ် မီးလောင်မူဖြစ်ပွားနေကြောင်းသိရှိရသဖြင်မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲဝင် ၃၀ ဦးအရန် တပ်ဖွဲဝင် ၁၅ ဦး မီးသတ်ရေးယာဉ် နှစ်စီး မီးငြိမ်းသတ်ယာဉ် လေးစီး တို့ဖြစ်သွားရောက်ငြိမ်းသတ်ခဲ့ရာ ၇ နာရီအချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မူကြောင့် နှစ်ထပ်လူနေအိမ်အပေါ်ထပ် နရံများမီးလောင်မူကြောင့် ကာလတန်ဖိုးငွေကျပ် တစ်သိန်း ငါးသောင်း ခန့်ဆုံးရှုံးခဲ့ပြီ နေအိမ်မီးလောင်မူနှင့်ပတ်သက်၍ အရေယူဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

မင်းထွန်းဇော် / မင်းရာဇာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ခြင်ဆေးခွေမှ မွှေ့ယာသို့ကူးစက် နေအိမ်မီးလောင်မှုဖြစ်ပွား  ခြင်ဆေးခွေမှ မွှေ့ယာသို့ကူးစက် နေအိမ်မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:11 Rating: 5
Powered by Blogger.