ကုလနှင့် နိုင်တကာသံအဖွဲ့ မောင်တောမြို့နယ်တောင်ပိုင်းသို့ သွားရောက်


နိရဉ္စရာ၊ နိုဝင်ဘာ ၃

ကုလ သမဂ္ဂ တာဝန်ရှိသူများနှင့် နိုင်ငံတကာ သံတမန်များသည် ယနေ့ နိုဝင်ဘာ ၃ ရက်နေ့တွင် စစ်ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့မှ မောင်တောမြို့နယ် တောင်ပိုင်းသို့ နေ့ချင်းပြန် သွားရောက် ခဲ့ကြသည်ဟု သတင်းရရှိသည်။

ယနေ့ မောင်တောသို့ သွားရောက်ခဲ့သူများ အထဲတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms. Renata ၊ အမေရိကန် ၊ ဗြိတိန်၊ အီးယူ၊ အိန္ဒိယ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ တရုတ်၊ တူရကီ စသည့်နိုင်ငံ ၈ နိုင်ငံမှ သံအမတ်ကြီးများအတူ နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပု၊ ၀န်ကြီး ဦးအောင်ကျော်ဇံတစ်ချို့လည်း အတူ လိုက်ပါသွားခဲ့သည်ဟု သိရသည်။

သွားရောက်ခဲ့သော နေရာများမှာ မောရ၀တီ၊ အလယ်သံကျော်နှင့် ယခင်ကျေးရွာအနီးရှိ ဘင်္ဂလီကျေးရွာနှစ်ခုသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

“ မောရ၀တီကို စစ်ရဟတ်ယာဉ်နဲ့ ပထမလာပါတယ်။ အဲဒီနောက် ကားတန်းနဲ့ အလယ်သံကျော်နဲ့ အဲဒီရွာအနီးက ဘင်္ဂလီကျေးရွာ နှစ်ရွာကို သွားရောက်ခဲ့ပါတယ်” ဟု မျက်မြင် ဒေသခံ တစ်ဦးက ပြောကြားသည်။

ယခုအခါ ၎င်းသံတမန်အဖွဲ့မှာ စစ်တွေသို့ ပြန်သွားကြသည်ဟု သိရသည်။

(ဓာတ်ပုံ- ဖိုးထူး)
Narinjara
https://www.facebook.com/Narinjara
ကုလနှင့် နိုင်တကာသံအဖွဲ့ မောင်တောမြို့နယ်တောင်ပိုင်းသို့ သွားရောက် ကုလနှင့် နိုင်တကာသံအဖွဲ့ မောင်တောမြို့နယ်တောင်ပိုင်းသို့ သွားရောက် Reviewed by THITHTOOLWIN on 16:55 Rating: 5
Powered by Blogger.