ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရဲကင်းစခန်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂ ဦး လက်နက်မဲ့ဖြင့် ပျောက်ဆုံး


နေပြည်တော်၊ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်းကျေးရွာတစ်ဝိုက် မော်တော်ယာဉ်များအား အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက ပိတ်ဆို့ထားကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းက နိုဝင်ဘာ ၂၈ ရက် ည ၇ နာရီခန့်တွင် သွားရောက်ရှင်းလင်းရာ ကွတ်ခိုင်-မူဆယ်သွား ကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၃၃ နှင့် ၂၃၇ အကြား၌ ဒိုင်နာယာဉ် ၁ စီးနှင့် ၁၂ ဘီးယာဉ် ၂ စီးတို့ ရပ်တန့်ထားသည်ကို တွေ့ရှိသဖြင့် စိစစ်မေးမြန်းရာ လုံခြုံရေးစိတ်မချရသဖြင့် ရပ်တန့်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော်စစ်ကြောင်းက နယ်မြေဆက်လက်ရှင်းလင်းရာ အဆိုပါနေရာမှ ၁ ဖာလုံခန့်အကွာ၌ ဟွန်ဒါဖစ်အမျိုးအစား ယာဉ်အမှတ်၊ YGN-4G/---- အား တွေ့ရှိရ၍ အသေးစိတ်စစ်ဆေးခဲ့သည်။ အဆိုပါယာဉ်မှာ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရဲကင်းစခန်းမှ ဒုတိယရဲအုပ် မြင့်ဌေးနှင့် ရဲတပ်ကြပ် လင်းထက်တို့ ၂ ဦး က ကွတ်ခိုင်မြို့မရဲစခန်းမှ တရားခံ ၂ ဦးအား မြို့နယ်တရားရုံးသို့ တရားစွဲဆိုနိုင်ရန် သွားရောက် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ ၂ ဦးသည် တရားခံ ၂ ဦးအား ပို့ဆောင်ပြီး နမ့်ဖတ်ကာရဲကင်းစခန်းသို့ ပြန်လာစဉ် လက်နက်မဲ့ပျောက်ဆုံးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်တွင် ပျောက်ဆုံးလျက်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂ ဦးအား ပြန်လည်တွေ့ရှိရေး၊ အဖြစ်မှန် ပေါ်ပေါက်နိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်းနှင့် တပ်မတော်စစ်ကြောင်းများက အဆိုပါနေရာတစ်ဝိုက်အား နယ်မြေရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်သတင်းစဉ်
https://www.facebook.com/mmdefencenews
ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရဲကင်းစခန်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂ ဦး လက်နက်မဲ့ဖြင့် ပျောက်ဆုံး  ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရဲကင်းစခန်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂ ဦး လက်နက်မဲ့ဖြင့် ပျောက်ဆုံး Reviewed by THITHTOOLWIN on 12:15 Rating: 5
Powered by Blogger.