မောင်တောမြို့နယ် ငန်းချောင်း ကျေးရွာ၌ မသင်္ကာသူ (၃၃)ဦး ဖမ်းဆီးရမိ


နေပြည်တော် နိုဝင်ဘာ ၂၀

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက် စီးနင်းတိုက်ခိုက် ခဲ့မှု ဖြစ်စဉ်များကြောင့် တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး နယ်မြေ ရှင်းလင်းလျက်ရှိရာ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ မောင်တောမြို့နယ် ငန်းချောင်း ကျေးရွာတွင် မသင်္ကာသူ (၃၃)ဦးကို ထပ်မံဖမ်း ဆီးရမိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ ထုတ် ပြန်ထားသည်။

အဆိုပါ ဖမ်းဆီးရမိသူများမှာ နိုဝင်ဘာ ၁၂ ရက်က မယင်းချောင်းကျေးရွာ တွင် ထိတွေ့မှု ဖြစ်ပွားစဉ်ပါဝင်ခဲ့ကြပြီး တိမ်းရှောင်သွားသည့် မသင်္ကာသူ များဖြစ် ကြောင်း၊ ၄င်းတို့မှာ ဖားဝပ်ချောင်းကျေးရွာနေ အော်လီဟူးဆောင် (ဘ)အာမိရ် အပါအဝင် ၇ ဦး၊ မျောတောင် ကျေးရွာမှ ၉ ဦးနှင့် ပွင့်ဖြူချောင်း ကျေးရွာမှ ၁၇ ဦး စုစုပေါင်း ၃၃ ဦးဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ