မူဆယ်ကုန်သွယ်ရေးဇုန်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်နေသဖြင့် ထိခိုက်သေဆုံးရှိနေဟုဆို


(မူဆယ်၊ နိုဝင်ဘာ ၂၀)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ကုန်သွယ်ရေးဇုန်နှင့် ရွာထဲသို့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကပစ်ခတ်တိုက်ခိုက်သဖြင့် အနည်းဆုံး လူ(၅)ဦးခန့် ထိမှန်ကြောင်း တိုက်ပွဲကိုမျက်မြင်ကြုံတွေ့ရသူတစ်ဦးထံကသတင်းရရှိသည်။

“ဖရဲသီကွင်းနားမှာ အမျိုးသမီးတစ်ယောက်ကတော့ ပွဲချင်းပြီးဘဲ၊၀န်ထမ်းတွေလဲ ပြေးကုန်ကြပြီမရှိကြတော့ဘူး၊ နမ့်ဖတ်ကာနဲ့ကွတ်ခိုင်ကြားလဲ ကားတွေကို လမ်းပေါ်ကန့်လန့်ရပ်ခိုင်းပြီး ဆက်ကြေးကောက် ကားသော့တွေ ယူသွားကြလို့လမ်းပိတ်နေပြီ၊တပ်နဲ့အင်အားခြင်းမမျှတဲ့အခြေအနေဘဲ၊ဂိုဒေါင်တွေလဲမီးတွေလောင်နေပြီ၊ရဲကင်းတွ လဲပစ်ခံရတယ် ၊လူတွေလဲလွတ်ရာကိုပြေးပုန်းနေကြပြီ၊ “ဟု ၁၀၅မိုင်သို့ကုန်တင်ရန်ရောက်ရှိနေသည့် စိုင်းအောင်ဇံ နှင့်လားရှိုးမြို့ခံဦးစိုင်းစံမင်းထံဆက်သွယ်မေးမြန်းချက်အရသိရသည်။

မူဆယ်မြို့မှ မိုင်(၃၀)ခန့်အကွာရှိ မုံးကိုးမြို့ ရှေ့တန်းစစ်ဗျူဟာနှင့်တပ်မတော်ကင်းစခန်းများကို နိုဝင်ဘာ(၂၀)ရက်နေ့ နံက်(၃)နာရီခန့်တွင် ကေအိုင်အေနှင်ပလောင်ပူးပေါင်းအဖွဲ့ဟုယူဆရသည့် လက်နက်ကိုင်အဖွဲ့များမှ ၀င်ရောက်ပစ်ခတ်မှုဖြစ်ပွားလျှက်ရှိပြီး မူဆယ်မြို့အ၀င်နားတွင် ဗုံးတစ်လုံးကျရောက်ပွဲကွဲခဲ့ပြီးနောက် ကြူကုတ်ပန်ဆိုင်းမြို့တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ ယခုအထိဖြစ်ကြောင်း လားရှိုးမြို့ခံများထံကသတင်းရရှိသည်။

“မနေ့ကတဲကမုံးကိုဖက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့သိရတယ်၊ ၁၀၅ ဖက်က လက်နက်ပေါက်ကွဲသံတွေလဲ သဲ့သဲ့ကြားရတယ်၊ မူဆယ်မြို့ထဲမှာတော့ သိပ်အသွားအလာမရှိသလို၊ ကားတွေလဲမသွားကြပါဘူးအားလုံး ကတော့ တိုက်ပွဲပြင်းထန်လာပြီး မြို့ပေါ်ရောက်လာမှာကိုစိုးရိမ်နေကြတယ်၊ လူနာတင်ယာဉ်ရဲ့ဥသြသံတွေ တော့ ကြားရတယ်“ဟုမူဆယ်မြို့နေ ကျားဖြူပါတီ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူး ဦးစိုင်းဘိုးအောင်ကပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် မူဆယ်၁၀၅ မိုင်စီးပွားရေးဇုံမှာ မူဆယ်မြို့မှ (၇) မိုင်၊ ကွန်ခိုင်မှ(၆၂) မိုင်၊ ကွာဝေးပြီး မူဆယ်မြို့နယ်မှ မြို့နယ်ခွဲဖြစ်သည့် မုံးကိုးမြို့မှာမိုင်(၃၀)ခန့်ကွာဝေးကြောင်း ၄င်းထံကသိရသည်။

လက်ရှိအခြေအနေတွင် ဂိုဒေါင်များဖက်၍ မီးလောင်ကျွမ်းမှုများရှိနေပြီး မီးခိုးများမြင်တွေ့နေရကြောင်း၊ ဒေသခံနှင့်၁၀၅မိုင်သို့ကုန်သွယ်ရန်ရောက်ရှိနေသူများမှာ ဘေးလွတ်ရာသို့ပုန်းအောင်းနေကြရကြောင်း တိုက်ပွဲ
များဆက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

စိုင်းသိင်္ခသူ
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai/
မူဆယ်ကုန်သွယ်ရေးဇုန်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်နေသဖြင့် ထိခိုက်သေဆုံးရှိနေဟုဆို  မူဆယ်ကုန်သွယ်ရေးဇုန်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်နေသဖြင့် ထိခိုက်သေဆုံးရှိနေဟုဆို Reviewed by THITHTOOLWIN on 11:55 Rating: 5
Powered by Blogger.