ရွှေဘို-အရာတော်-မုံရွာ ကားလမ်းဘေး ဆူးလေကုန်းကျေးရွာအနီး ပဲစင်းငုံစိုက်ခင်းတွင် လူသေအလောင်းတွေ့ရှိ


အရာတော်၊ နိုဝင်ဘာ(၂)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ဆူးလေကုန်းကျေး ရွာအနီး ရွှေဘို-အရာတော်-မုံရွာ ကားလမ်း၏ ယာဘက်ရှိ ပဲစင်းငုံစိုက်ခင်း အတွင်း နိုဝင်ဘာ (၁)ရက်နေ့က အမျိုးသမီး အလောင်းတွေ့ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ(၁)ရက်နေ့ ည(၈)နာရီအချိန်တွင် အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်စိုးဝင်းမှ (ဖုန်း)ဖြင့် အကြောင်းကြားချက်အရ အရာတော်မြို့၊ မြို့မရဲ စခန်း ဒုရဲမှူး ထွန်းထွန်းအေးနှင့် တပ်ဖွဲ့ဝင်များနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ သေဆုံးသူ အမျိုးသမီးကို တွေ့ရှိရပြီး အလောင်းနှင့် (၁၀)ပေခန့်အကွာတွင် ပန်းရောင် မိန်းမ ကိုင်အိတ် တစ်ခုကို တွေ့ရှိရပြီး လက်ကိုင်အိတ်အတွင်းမှ ငွေကျပ် (၁)သိန်း၊ မှတ်ပုံတင်တစ်ခု၊ ယာဉ်မောင်း လိုင်စင်တစ်ခု၊ မွေးမြူရေးနှင့်နှင့် ရေ လုပ်ငန်းဝန်ကြီးဌာန ၀န်ထမ်းကတ်တစ်ခု တွေ့ရှိရပြီး သေဆုံးသူ၏ အမည်မှာ မနီနီဝင်းရွှေ(ဘ)ဦးဝင်းကို အသက်(၂၅)နှစ်၊ အမှတ်(၁)(က)ရပ်ကွက် ဘူတာလမ်း၊ ရွှေဘိုမြို့ နေသူဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ၏ ရင်ညွန့်တွင် ချွန်ထက်သောအရာ (၁)လက်မခန့် ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ယာနံဘေး (၁)လက်မခန့် ထိုးသွင်းဒဏ်ရာ (၁)ချက်၊ လည်ပင်းဇလုတ်အောက် ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ၀ဲလက်မပြတ်ရှဒဏ်ရာ (၁)ချက်၊ သွေးများထွက်လျက် သေဆုံးနေကြောင်း၊ သေဆုံးသူ၏ထံမှ ရွှေလက်ကောက်(၄)ကွင်း၊ ရွှေဆွဲကြိုး(၁)ကုံး၊ နားကပ်(၁)စုံ၊ ရွှေလက်စွပ် (၁)ကွင်းနှင့် ကျောက်စိမ်း အဖြူကျောက်ပါ ရွှေလက်စွပ်(၁)ကွင်း စသည်များကို သက်သေများရှေ့ ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်းကာ ကျူးလွန်သည့် တရားခံအား ဥပဒေနှင့်အညီ ဖော်ထုတ်ဖမ်း ဆီးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

(စစ်ကိုင်းတိုင်းဒေသကြီးပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရွှေဘို-အရာတော်-မုံရွာ ကားလမ်းဘေး ဆူးလေကုန်းကျေးရွာအနီး ပဲစင်းငုံစိုက်ခင်းတွင် လူသေအလောင်းတွေ့ရှိ  ရွှေဘို-အရာတော်-မုံရွာ ကားလမ်းဘေး ဆူးလေကုန်းကျေးရွာအနီး ပဲစင်းငုံစိုက်ခင်းတွင် လူသေအလောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 17:17 Rating: 5
Powered by Blogger.