ရှမ်းပြည်နယ်အစိုးရ အရေးပေါ်ကာလ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး ကျင်းပ


(တောင်ကြီး နိုဝင်ဘာ - ၂၀)

KIA(ကချင်)အဖွဲ့၊ TNLA(တအောင်းပလောင်း)အဖွဲ့ AAအဖွဲ့နှင့် MNDAA ပူးပေါင်းအဖွဲ့များ သည် နိုဝင်ဘာ(၂၀)ရက် နံနက်(၂)နာရီအချိန်ခန့်မှစ၍ မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်း နှင့် ရဲတပ်ဖွဲ့စခန်းများ၊ (၁၀၅)မိုင်ကုန်သွယ်ရေးစခန်းတို့အား အလစ်တိုက်ရယူပြီး၊ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် အပြစ်မဲ့ပြည်သူများ ထိခိုက် သေဆုံးဒဏ်ရာရရှိမှုများဖြစ်ပွားခဲ့သည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ အရေးပေါ်ကာလစီမံခန့်ခွဲရေးကော်မတီအစည်းအဝေး(၂/၂၀၁၆)ကို နိုဝင်ဘာ(၂၀)ရက်၊ ညနေ(၄)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြား ပြီး၊ ပြည်နယ်အဆင့် အရေးပေါ်ကာလစီမံခန့်ခွဲရေးကော်မတီ ဒုတိယဥက္ကဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အတွင်းရေးမှူးပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ကော်မတီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တက်ရောက်လာကြသည့် ကော်မတီဝင်များမှဖြစ်စဉ်နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

KIA(ကချင်)အဖွဲ့၊ TNLA(တအောင်းပလောင်း)အဖွဲ့ AAအဖွဲ့နှင့် MNDAA ပူးပေါင်းအဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှုကြောင့် တပ်မတော်၊ ရဲတပ်ဖွဲ့၊ ဝန်ထမ်းနှင့် ပြည်သူများ ဒဏ်ရာရရှိသူ သေဆုံးသူ၊ စစ်ဘေးရှောင်ပြည်သူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကူညီထောက်ပံ့ပေးရန်၊ လမ်းပန်း ဆက်သွယ်ရေး များ ပိတ်ဆို့မှုမရှိရေး၊ ကုန်စည်စီးဆင်းမှုမရပ်တန့်ရေးတို့ကို အဘက်ဘက်မှ ဝိုင်းဝန်းဆောင် ရွက်ပေးလျှက် ရှိကြောင်း၊ ဒဏ်ရာရရှိသူ၊ သေဆုံးသူ၊ စစ်ဘေးရှောင်ပြည်သူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့်အတူ လူမှုရေးအသင်းအဖွဲ့များ စေတနာရှင်ပြည်သူများမှ ပူးပေါင်း၍ ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန်၊ ဒဏ်ရာရရှိသူများကို လားရှိုးဆေးရုံးသို့ ပို့ဆောင်ပေးနိုင်ရေး၊ စစ်ပွဲရှောင်ပြည်သူများအတွက် နေရာချထား ရေး၊ စားသောက်ဖွယ်ရာများ စီစဉ်ပေးရေး၊ ကျန်းမျာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးရေး ဆောင်ရွက်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai
ရှမ်းပြည်နယ်အစိုးရ အရေးပေါ်ကာလ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး ကျင်းပ  ရှမ်းပြည်နယ်အစိုးရ အရေးပေါ်ကာလ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး ကျင်းပ Reviewed by THITHTOOLWIN on 07:12 Rating: 5
Powered by Blogger.