မန္တ​လေးမြို့ ၈၄လမ်းပေါ်ရှိ ​ရွှေဆိုင်​တစ်​ဆိုင်​တွင်​ ​ရွှေဆွဲကြိုးအတုဖြင့်​ လိမ်​လည်​မှု ဖြစ်​ပွား


နိုဝင်​ဘာလ ၁၇ရက်​​နေ့ မွန်းလွဲ ၂နာရီ ၁၅မိနစ်​အချိန်​ခန့်​တွင်​ မန္တ​လေးမြို့၊ ချမ်း​အေးသာစံမြို့နယ်​မြို့နယ်​၊ ၈၄လမ်းပေါ်ရှိ ​ရွှေဆိုင်​တစ်​ဆိုင်​တွင်​ ​ရွှေဆွဲကြိုး အတုနှင့်​ အစစ်​ လဲလှယ်​လိမ်​လည်​မှု ဖြစ်​ပွားသည်​။

ဖြစ်​စဉ်​မှာ အဆိုပါ​ရွှေဆိုင်​သို့ ​ဒေါ်သီတာ​အေး(ခ)​ဇော်​ရာဘီ၊ ၃၆ နှစ်​၊ (ဘ)ဦးရီ​မောင်​၊ ​ရွှေဂဲ​ကျေးရွာ၊ အမရပူရမြို့နယ်​​နေသူ​ ​ရောက်​ရှိလာပြီး (၃)ကျပ်​သား​ ရွှေဆွဲကြိုးတစ်​ကုံး ရချင်​​ကြောင်း​ပြော၍ ဆိုင်​အ​ရောင်း ဝန်​ထမ်းအမျိုးသမီးမှ (၂)ကုံးပြခဲ့ရာ တစ်​ကုံးအား ကြည့်​ရှု​နေပြီး ၎င်းတွင်​အသင့်​ပါလာ​သော ဆွဲကြိုးအတုနှင့်​လဲကာ ဆွဲကြိုးအစစ်​မှ ​ရွှေဆိုင်အမှတ်​အသားတံဆိပ်​ ​လေဘယ်​အား ​အတုတွင်​တပ်​ကာ မယူ​တော့​ကြောင်း​ပြော၍ ပြန်​လည်​ထွက်​ခွာသွားသည်​။

ဆိုင်​အ​ရောင်းဝန်​ထမ်းမှ မသင်္ကာသဖြင့်​ ဆွဲကြိုးအား စစ်​​ဆေးကြည့်​ရာ ၎င်းထုတ်​ပြသည့်​ ဆွဲကြိုးမဟုတ်​​ကြောင်း သိရသဖြင့်​ အဆိုပါအမျိုးသမီးကို လိုက်​လံ​ခေါ်ယူပြီး အ​နွေးထည်​အင်္ကျီအိတ်​ကပ်​အတွင်း စစ်​​ဆေးကြည့်​ရှုရာ အတုဖြင့်​လဲလှယ်​သွားသည့်​ ​ရွှေဆွဲကြိုးအစစ်​အား ပြန်​လည်​​တွေ့ရှိရသဖြင့်​ ​ရွှေဆွဲကြိုးအစစ်​ကို အတုဖြင့်​ လိမ်​လည်​သွားသူ ဒေါ်သီတာအေး(ခ) ​ဒေါ်​ဇော်​ရာဘီအား အမှတ်​(၈)မြို့မရဲစခန်း၌ အမှုဖွင့်အ​ရေးယူထားရှိ​ကြောင်း သိရသည်​။

(Ah Lin Nge)
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မန္တ​လေးမြို့ ၈၄လမ်းပေါ်ရှိ ​ရွှေဆိုင်​တစ်​ဆိုင်​တွင်​ ​ရွှေဆွဲကြိုးအတုဖြင့်​ လိမ်​လည်​မှု ဖြစ်​ပွား  မန္တ​လေးမြို့ ၈၄လမ်းပေါ်ရှိ ​ရွှေဆိုင်​တစ်​ဆိုင်​တွင်​ ​ရွှေဆွဲကြိုးအတုဖြင့်​ လိမ်​လည်​မှု ဖြစ်​ပွား Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.