မောင်တောမြို့နယ်တောင်ပိုင်း မြင်းလွတ်ရှိ ဆရာဆရာမများ နေအိမ်အဆောင် ထပ်မံမီးရှို့ခံရ

(မြင်းလွတ် အလကကျောင်းပုံ/ ဓာတ်ပုံ- facebook)
နိရဉ္စရာ၊ နိုဝင်ဘာ ၁၇

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ မြင်းလွတ် ဘင်္ဂလီကျေးရွာ အလယ်ကျောင်း ဆရာ ဆရာမ နေထိုင်သော အဆောင် တစ်ဆောင် ယနေ့ ညနေ ၇ နာရီခန့်က ထပ်မံ မီးရှို့ခံရကြာင်း သတင်းရရှိသည်။

အနီးအနားရှိ ဦးဒေါင်းကျေးရွာသို့ဆက်သွယ်ရာ ရပ်ရွာလူကြီး ဖြစ်သူ ဦးတင်မောင်မှ မီးရှို့ခံရခြင်းမှာ ဟုတ်မှန်ကြောင်း၊ ၎င်းအဆောင်မှာ ကျေးရွာ ရယကစာရေးနှင့် သူ၏ ဇနီးဖြစ်သူ ကျောင်းဆရာမတို့ နေထိုင်ခဲ့သော အဆောင်ဖြစ်ကြောင်း၊ ဆရာ ဆရာမများမှာ အောက်တိုဘာ ၉ ရက် နယ်ခြားစောင့် စခန်းများ အကြမ်းဖက်စီးနင်း မှု ဖြစ်ပွားပြီးကတည်းက ၎င်းရွာတွင် နေထိုင်၍ မရှိတော့ကြောင်း သူက ပြောကြားသည်။

၎င်းက “ ၇ နာရီကျော်လောက်မှာ မီးလောင်တဲ့ နေရာ က မီးရောင်တွေကို ကျွန်တော်တို့ ရွာက မြင်ရပါတယ်။ နာရီဝက်လောက်လောင်ပြီ ငြိမ်းသွားပါတယ်။ ဘယ်သူမီးရှို့သလဲဆိုတော့ တိတိကျကျ မသိရသေးပါဘူး။ အဲဒီမှာ ရခိုင်လဲ မရှိဘူးဆိုတော့ အကြမ်းဖက်သမားတွေကဘဲ တိုက်တာ ဖြစ်မှာပါ” ဟု ပြောဆိုသည်။

မောင်တောမြို့နယ် ပညာရေးမှူးရုံးသို့ မီးလောင်မှုနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူ ဆရာတစ်ဦးမှ မီးလောင်မှုမှာ မှန်ကန်ကြောင်း နိရဉ္စရာသို့ ပြောဆိုသည်။

“မီးရှို့ခံရတယ်ဆိုတယ်လို့ သိရပါတယ်။ ကျန်တာကတော့ မသိရသေးဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့က မီးရှို့ခံရစဉ်က မီးကူးစက် မလောင်ကျွမ်းဘဲ ကျန်ခဲ့တဲ့ အဆောင်ပါ” ဟု ပြောကြားသည်။

၎င်းမြင်းလွတ်ကျေးရွာမှာ နိုဝင်ဘာ ၇ရက်နေ့ကလဲ မီးရှို့မှု ဖြစ်ပွားခဲ့ရာ ဆရာ ဆရာမများ နေထိုင်သည့် နှစ်ခန်းတွဲ အဆောင်တစ်ဆောင် လုံးဝမီးလောင် ပြာကျသွားပြီး၊ ၄ ခန်းတွဲ တစ်ဆောင်တွင်မူ အခန်း၂ လုံးဝ မီးလောင်သွားခဲ့သည်။

ယခုမီးလောင်မှုနှင့် ပတ်သက်ပြီး ဒေသ အာဏာပိုင်များနှင့် အဆက်အသွယ် မရရှိသဖြင့် ပျက်စီးဆုံးရှုံးခဲ့သည့် တန်ဖိုးကို ဖော်ပြနိုင်ခြင်း မရှိပါ။

ရွှေရအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara
မောင်တောမြို့နယ်တောင်ပိုင်း မြင်းလွတ်ရှိ ဆရာဆရာမများ နေအိမ်အဆောင် ထပ်မံမီးရှို့ခံရ  မောင်တောမြို့နယ်တောင်ပိုင်း မြင်းလွတ်ရှိ ဆရာဆရာမများ နေအိမ်အဆောင် ထပ်မံမီးရှို့ခံရ Reviewed by THITHTOOLWIN on 22:16 Rating: 5
Powered by Blogger.