သျှမ်း၊ မြောက်တိုက်ပွဲကြောင့် စစ်ဘေးရှောင် ထောင်ချီ မူစယ်တွင်ရောက်ရှိ၊ ပစ်ခတ်သံများဆက်လက်ဖြစ်ပွါး လူထုကြောက်ရွံ့စိုးရိမ်

ဓါတ်ပုံ- မူစယ်မြို့ရောက်စစ်ဘေးရှောင်များအားတွေ့ရစဉ်
နိုဝင်ဘာ ၂၁ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင် နိုဝင်ဘာလ ၂၁ ရက်ညဦးပိုင်းအချိန်က မူစယ်ရဲစခန်းအနီးပစ်ခတ်သံများဆက်တိုက်ကြားရသဖြင့် ဒေသခံလူထု ကြောက်လှန့်နေကြကြောင်းသိရသည်။

"ပစ်ခတ်သံက ၂၅ ချက်လောက်ဆက်တိုက်ကြားရတယ်။ သေနတ်သံရော လက်နက်ကြီးသံရောဘဲ။ ခုတော့မူစယ်မြို့က မြို့ပျက်ကြီးလိုဘဲ ဆိတ်ညိမ်လို့ ။ ဘာဖြစ်တာလဲတော့အသေအချာမသိသေးဘူး။ကြောက်လှန့်ကြလို့ မီးတောင်မှမထွန်းရဲဘူးဖြစ်နေတယ် "- ဟု မူစယ်မြို့ခံ စိုင်းအိုက် ကပြောသည်။

မည်သည့်အဖွဲ့က ၀င်ရောက်ပစ်ခတ်သည်ကိုတော့မသိရသေးပေ။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ ပစ်ခတ်ခံရမှုကြောင့် လူတဦးသေဆုံးသည်ဟုဆိုပါသည်။

"မီးပွိုင့်နား လေယာဉ်ကွင်းနားတဲ့ ကားလေးကွင်းစောင့်တဲ့လူ တဲ့ သိန်းသန်းချီ က လို့ကြားရတယ် " - ဟုလည်း စိုင်းအိုက် ကပြောသည်။

ဓါတ်ပုံ- မူစယ်မြို့ရောက်စစ်ဘေးရှောင်များအားတွေ့ရစဉ်
တဖက်တွင်လည်း သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ၁၀၅ မိုင် (ကုန်သွယ်ရေးဇုန်) ၌ ယမန်နေ့တိုင်းရင်းသားမဟာမိတ်တပ်ပေါင်းစုနှင့် မြန်မာ့တပ်မတော် ၊ ရဲတပ်ဖွဲ့တို့ကြားဖြစ်ပွါးသော ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ပြေးရှောင်ဒုက္ခသည် ၂၆၀၀ ကျော်မှာ မူစယ်မြို့တွင်း ဘုန်းကြီးကျောင်းများသို့ ရောက်ရှိခိုလှုံနေသည်ဟုသိရသည်။

၎င်းနှင့်ပတ်သက်ပြီး စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က -

“သျှမ်းပြည်နယ် အစိုးရအနေနဲ့ ဆန်အိတ် သုံးရာနဲ့ ခေါက်ဆွဲခြောက်အဖာ ငါးရာကို မူစယ် ဘုန်းကြီးကျောင်း ပို့ဆောင်ထားပါတယ်၊ မူစယ်မှာ စစ်ပြေးရှောင် ၂၆၃၆ ယောက်ရှိတယ်လို့ သတင်းပို့ထား ပါတယ်။ဘုန်ကြီးကျောင်းတွေမှာ ထားရှိပြီးတော့ အလှူရှင်တွေ နဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွေ ချက်ပြုတ်ကျွေးနေပါတယ်” ဟု ၄င်းက သျှမ်းသံတော်ဆင့် သတင်းဌာနကိုပြောသည်။

မူစယ်မြို့နယ်ရောက် စစ်ပြေးဒုက္ခသည်များကို မူစယ်မြို့ပေါ်ရှိ ရပ်ကွက်သူ/သားများ၊ ပရဟိတအဖွဲ့များ၊ လူငယ်အဖွဲ့များကလည်း အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများကို ကူညီပေးသည်ဟု မူစယ်လူငယ်များက ပြောသည်။

မူစယ်မြို့နယ်တွင် စစ်ပြေးဒုက္ခသည် လေးနေရာ ထားရှိရာ ဇေတဝန်ေ ကျာင်း(မဟာစည်) တွင် ဒုက္ခ သည် ၁၀၀၀ ကျော်၊ မဟာဝန်ကျောင်း တွင် ၇၀၀ ခန့်၊ နမ့်ခုမ်ကျောင်းတွင် ဒုက္ခသည် ၇၀၀ ခန့် နှင့် စွန်စော်ရပ်ကွက် ဝမ်ဆာဘုန်းကြီးကျောင်းတွင် ဒုက္ခသည် ၆၀၀ ကျော်ရှိပြီး အများစု တအောင်း(ပလောင်) လူမျိုးများဖြစ်ကြောင်း သိရသည်။

“စစ်ပြေးဒုက္ခသည် တွေထဲမှာ အောက်ပြည်ကနေ အလုပ်လာလုပ်တဲ့ ဗမာေ တွဖြစ်တယ်။နောက် ပလောင်တွေလည်းပါတယ်၊ ၁၀၅ မိုင် ကဒေသခံေ တွတော့ ထွက်ပြေးပေမယ့် ဒုက္ခသည် စခန်းမှာ လာမနေကြ ဘူး၊သူ တို့အမျိုးအိမ်တွေမှာဘဲ သွားနေကြတယ်”ဟု မူစယ်ဒေသခံလူငယ် စိုင်းရီ ကပြောသည်။


၂၀၁၆ နိုဝင်ဘာ ၂၀ ရက်နေ့က မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ၌ မြန် မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစု မှ ၁၀၅ မိုင်ကုန်သွယ်ရေး တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး တပ်မတော်သား ၁ ဦး ၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့စစ် ၁ ဦး နှင့် အရပ်သား ပြည်သူ ၄ ဦး စုစုပေါင်း ၉ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာ ရရှိကြောင်းသျှမ်းပြည်နယ် စီမံကိန်း နှင့် စီပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် ကပြောသည်။

သျှမ်းသံတော်ဆင့်/ဆိုင်ဖူး
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
သျှမ်း၊ မြောက်တိုက်ပွဲကြောင့် စစ်ဘေးရှောင် ထောင်ချီ မူစယ်တွင်ရောက်ရှိ၊ ပစ်ခတ်သံများဆက်လက်ဖြစ်ပွါး လူထုကြောက်ရွံ့စိုးရိမ်  သျှမ်း၊ မြောက်တိုက်ပွဲကြောင့် စစ်ဘေးရှောင် ထောင်ချီ မူစယ်တွင်ရောက်ရှိ၊ ပစ်ခတ်သံများဆက်လက်ဖြစ်ပွါး လူထုကြောက်ရွံ့စိုးရိမ် Reviewed by THITHTOOLWIN on 23:42 Rating: 5
Powered by Blogger.