ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတဲ့ ငွေစက္ကူသစ်တွေကို စီးပွားရေးတည်ငြိမ်မှုရှိချိန်မှာ ထုတ်ဝေမည်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူသစ် ရိုက်နှိပ်ဖို့ကိစ္စ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့် နိုဝင်ဘာလ ၂၂ ရက်နေ့ ပြည်သူ့လွှတ်တော် မှာ ဖြေကြားစဉ်
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေတာကို နိုင်ငံ့စီးပွားရေး တည်ငြိမ်မှုရှိတဲ့အချိန် သင့်လျော်တဲ့ကာလမှာ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမြင့်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

သရက်မဲဆန္ဒနယ်က ဦးကံမြင့် က "မြန်မာပြည်တစ်ဝန်းမှာ ကိုင်တွယ်သုံးစွဲနေတဲ့ ငွေစက္ကူအမျိုးမျိုးပေါ်က တံဆိပ်ရုပ်ပုံတွေအစား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ ငွေစက္ကူတွေနဲ့ အစားထိုးရိုက်နှိပ်ထုတ်ဝေသုံးစွဲဖို့ အစီအစဉ် ရှိ မရှိ" ဆိုတဲ့ မေးခွန်းအပေါ် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့် က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ငွေစက္ကူအသစ်တွေ ထုတ်ဝေမယ်ဆိုရင် ငွေစက္ကူပေါင်း ဘီလျံ ၃၀၀ ခန့် ကုန်ကျဖွယ်ရှိနိုင်မှာဖြစ်ပြီး ပုံစံသစ်ငွေစက္ကူတွေ ထုတ်ဝေမယ်ဆိုရင်လည်း လက်ရှိလှည့်လည်သုံးစွဲနေတဲ့ ငွေစက္ကူတွေကို ဖျက်ဆီးဖို့ လိုအပ်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတဲ့ ငွေစက္ကူသစ်တွေကို စီးပွားရေးတည်ငြိမ်မှုရှိချိန်မှာ ထုတ်ဝေမည် ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတဲ့ ငွေစက္ကူသစ်တွေကို စီးပွားရေးတည်ငြိမ်မှုရှိချိန်မှာ ထုတ်ဝေမည် Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.