![]() |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနဌာန ဒုတိယတာဝန်ခံ ကိုမျိုးရန်နောင်သိမ်း ကို လှိုင်မြို့နယ်တရားရုံးမှာ နိုဝင်ဘာလ ၄ ရက်နေ့က ရုံးထုတ်ခဲ့စဉ်။ Photo: Htet Arkar/RFA |
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို စော်ကားတဲ့ စာသားတွေကို ဖေ့စ်ဘွတ်မှာ တင်ခဲ့တယ်ဆိုပြီး ကိုမျိုးရန်နောင် သိမ်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ပုဒ်မ ၆၆(ဃ) နဲ့ ဖမ်းဆီးခံရတာဟာ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးဖောက်ခံရ တာဖြစ်တယ်လို့ ကိုမျိုးရန်နောင်သိမ်းက ဒီကနေ့ တရားရုံးထုတ်အပြီးမှာ ပြောပါတယ်။
ကိုမျိုးရန်နောင်သိမ်းက လှိုင်မြို့နယ်တရားရုံးမှာ ဒီနေ့ ရမန်ယူပြီး လာမယ့် ၉ရက်နေ့မှာ ထပ်မံရုံးထုတ်မှာဖြစ် ပါတယ်။
ပုဒ်မ ၆၆(ဃ) နဲ့ ဖမ်းဆီးခံထားရသူတွေ စုပေါင်းပြီး ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ပေးဖို့ လှုပ်ရှားမှုတွေ ပြု လုပ်နေချိန်မှာပဲ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ဖမ်းဆီးခံရသူတွေလည်း ရှိနေပါတယ်။
BBC Burmese
http://www.rfa.org/burmese
ဆက်သွယ်ရေးဥပဒေ ပုဒ်မ၆၆(ဃ)နဲ့ ကိုမျိုးရန်နောင်သိမ်း ကို ရုံးထုတ်
Reviewed by THITHTOOLWIN
on
19:02
Rating:
