ရန်ကုန်-စစ်တွေ ကားလမ်းမကြီးဘေးရှိ ဒကစ လက်နက်တိုက် ပေါက်ကွဲမှုဖြစ်ပွားဟုဆို


ရန်ကုန် နိုဝင်ဘာ ၇

ရခိုင်ပြည်နယ် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးဘေးရှိ တပ်မတော်၏ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် လက်နက်တိုက်အတွင်း ဝါယာကြိုးရှော့ ဖြစ်ရာမှတစ်ဆင့် ယနေ့ နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းအချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေ မရှိခဲ့ဘူးလို့ဆိုပါတယ်။ဒါ့အပြင် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် မှာ လုံခြုံရေးတပ်ဖွဲ့တွေကို ယခင်ကထက် ပိုမိုတိုးမြှင့်ချထားပေးခဲ့တယ်လို့ သိရပါတယ်။

“ဖြစ်စဉ်ဖြစ်တယ်လို့တော့ကြားပါတယ်။ကျွန်တော်တို့ စခန်းက တပ်ဖွဲ့ဝင်တွေလည်းသွားနေကြပါတယ်။အသေးစိတ်တော့မသိရသေးပါဘူး။ ကျွန်တော်တို့ မြို့ပေါ်ကနေဆိုရင် ဒကစ စခန်းက ၆ မိုင် ၇ မိုင်လောက်ဝေးပါတယ်။စစ်တွေတပ်နယ်ထဲမှာဖြစ်တာဆိုတော့ ကျွန်တော်တို့လည်း အကြောင်းအရင်းတွေကို စုံစမ်းဆဲဖြစ်ပါတယ်။ယခုဖြစ်စဉ်ကြောင့် လုံခြုံရေးတွေကိုတော့ ပိုချထားပါတယ်။” လို့ စစ်တွေမြို့ အမှတ်-၂ ရဲစခန်းမှ ရဲအုပ်အောင်မြင့်ဦး က ပြောကြားခဲ့ပါတယ်။

အဆိုပါ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် လက်နက်တိုက်အတွင်း ဝါယာကြိုးရှော့ဖြစ်ပေါက်ကွဲမှုကို တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့ဒေသအာဏာပိုင်အဖွဲ့ က စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

china.com Myanmar
https://www.facebook.com/china.com.mm/
ရန်ကုန်-စစ်တွေ ကားလမ်းမကြီးဘေးရှိ ဒကစ လက်နက်တိုက် ပေါက်ကွဲမှုဖြစ်ပွားဟုဆို  ရန်ကုန်-စစ်တွေ ကားလမ်းမကြီးဘေးရှိ ဒကစ လက်နက်တိုက် ပေါက်ကွဲမှုဖြစ်ပွားဟုဆို Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.