မိုင်းဖြတ်မြို့ ဆိုင်းလေကျေးရွာအနီး ချမ်းသာအောင်ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ကား မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွား


မိုင်းဖြတ် ၊ နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ် ဆိုင်းလေကျေးရွာအနီး မိုင်တိုင်အမှတ် ၇၀၇/၇၀၈ အကြားတွင် နိုဝင်ဘာ ၁၈ရက် ညနေ ၆နာရီခွဲက ကျိုင်းတုံမှတာချီလိတ်သို့ ယာဉ်မောင်း ကိုမား မောင်နှင်လာသည့် ယာဉ်အမှတ် 9J/----- (ချမ်းသာအောင်)ယာဉ်သည် ရှေ့ကားကိုကျော်တက်ရာမှ တာချီလိတ်မှ ကျိုင်းတုံသို့ ယာဉ်မောင်း စိန်သော် မောင်းနှင်လာသော ယာဉ်အမှတ် 7H/------ဘီးယာဉ် ကုန်တင်ကားတို့ မျက်နှာချင်းဆိုင်မောင်နှင်လာရာမှ ချမ်းသာအောင်ယာဉ်သည် တစ်ဖက်ယာဉ်ကြောသို့ ဝင်ရောက်မောင်းနှင်ခဲ့ပြီး ယာဉ်တိုက်မှုဖြစ်ပွားသည်။


 ချမ်းသာအောင် ယာဉ်ပေါ်ပါ ခရီးသည်(၁၄)ဦးအနက် ကျား(၄)ဦး ဒဏ်ရာရရှိပြီး အမျိုးသမီး(၁)ဦး သေဆုံးပြီး ဖြစ်စဉ်နှင့်ပတ်သတ်၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မိုင်းဖြတ် - မြို့နယ် ပြန်/ဆက်
မိုင်းဖြတ်မြို့ ဆိုင်းလေကျေးရွာအနီး ချမ်းသာအောင်ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ကား မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွား  မိုင်းဖြတ်မြို့  ဆိုင်းလေကျေးရွာအနီး ချမ်းသာအောင်ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ကား မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.