မြောက်ဥက္ကလာပမြို့နယ်မှာ အသက်(၉)နှစ်အရွယ် သမီးဖြစ်သူကို ဖခင်ဖြစ်သူက သားမယားအဖြစ် ညတိုင်းပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မြောက်ဥက္ကလာပမြို့နယ် ပုရွက်ဆိပ်ကုန်းရပ်ကွက်နေ အသက် (၉)နှစ်အရွယ် သမီးဖြစ်သူကို ဖခင်ဖြစ်သူ ရွှေထွန်းက သန်းခေါင်ယံအချိန်တွင် ညစ်ညမ်းဇာတ်ကားတွေ ကြည့်ပြီး ညစဉ် သားမယားအဖြစ်ပြုကျင့်ခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။
ဘယ်သူ့ကိုမှမပြောဖို့ ခြိမ်းခြောက်ပြောကြားခဲ့ပြီး သမီးဖြစ်သူက ဖခင်ရဲ့ပြုမူပုံတွေကို အိမ်နီးချင်းအမျိုးသမီးထံ ပြောပြခဲ့ပါတယ်။
အိမ်နီးချင်းအမျိုးသမီးက ရပ်ကွက်အမျိုးသမီးရေးရာ ဥက္ကဌထံတိုင်ကြားခဲ့ရာ မြောက်ဥက္ကလာပ မြို့မစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။
ဖခင်ဖြစ်သူ ရွှေထွန်းကို မြောက်ဥက္ကလာပမြို့မရဲစခန်းက (ပ) (၁၅၆၉/၂၀၁၆) ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ (၃၇၆)အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
5 Plus News
https://www.facebook.com/5plusnews
အသက် (၉)နှစ်အရွယ်သမီးဖြစ်သူကို ဖခင်ဖြစ်သူက ညတိုင်း သားမယားအဖြစ်ပြုကျင့်
Reviewed by THITHTOOLWIN
on
17:23
Rating:
