နေပြည်တော် နိုဝင်ဘာ ၃၀
ရန်ကုန် မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၆၁/၆ နှင့် ၂၆၁/၇ အကြား နေပြည်တော်ဘက်မှ ယာဉ်မောင်း ကိုမျိုး မောင်းနှင်လာသော လိုက်ထရပ်ယာဉ်သည် ယနေ့နံနက် ၈ နာရီက အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် ခဲ့သည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ၂၄ ဦးအနက် အမျိုးသား ၃ ဦး၊အမျိုးသမီး ၁၀ ဦး၊ ပေါင်း ၁၃ ဦးဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအား ပေပင်လေး အမြန်လမ်း ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မိတ္ထီလာဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။
သို့ပါ၍ယာဉ်ကို မဆင်မခြင်မောင်းနင်သူ ယာဉ်မောင်းအား ပေပင်လေး အမြန်လမ်း ရဲတပ်ဖွဲ့မှ အမှုဖွင့်အရေးယူ ထားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။
သန်းဦး(လေးမျက်နှာ)
ဓာတ်ပုံ(အမြန်လမ်းရဲတပ်ဖွဲ့)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အမြန်လမ်းတွင် လိုက်ထရပ်ယာဉ်တိမ်းမှောက်
Reviewed by THITHTOOLWIN
on
16:30
Rating:
