မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း ပြန်လှစ်ဖွင့်လှစ်


မူဆယ်၊နိုဝင်ဘာ ၂၅။

သုံးရက်ကြာ ပိတ်ထားသည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကိုယနေ့ (နိုဝင်ဘာ၂၅) ရက် မနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်သည်ဟု ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း၊ စီး-ပွား-ကူးသန်းဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောကြောင်း ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းတွင်ရောက်ရှိသတင်းရယူနေသည့် AHN သတင်းထောက်က ယနေ့နေ့လယ်ပိုင်းတွင်သတင်းပေးပို့သည်။

” ကားတွေဝင်ထွက်သွားလာတာကို မြင်ရပါတယ်။ ဒါပေမယ့်နည်းတယ် ” ဟု ၄င်းကပြောသည်။

၁၀၅ မိုင်ကုန်သွယ်ရေးစခန်း ပြန်လည်ဖွင့်လှစ်သည် ဆိုခြင်းမှာ မှန်ကန်ပါကြောင်း၊ သို့သော်ယာဉ်အ၀င်၊အထွက် နည်းနေကြောင်း၊ ယနေ့ ၁၀၅ မိုင်ပတ်ဝန်းကျင် အခြေ အနေ မှာ ငြိမ်သက်မှုရှိသော်လည်း ကွတ်ခိုင်မြို့အနီးတွင်တိုက်ပွဲ ဖြစ်သည်ဟုကြားရကြောင်း ၊ ၁၀၅ မိုင်တွင် တပ်မတော်က လုံခြံရေးယူပေးထား၍ဒေသခံများ ၀မ်းမြောက်မှုရှိနေကြကြောင်း ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းတွင် နေထိုင်သူတစ်ဦးကယနေ့ နေ့လယ်ပိုင်းတွင်ပြောသည်။

SKY
PHOTO – AHN
The Asia Heart News
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း ပြန်လှစ်ဖွင့်လှစ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း ပြန်လှစ်ဖွင့်လှစ် Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.