အသက် ၁၀ နှစ်အရွယ် ကလေးငယ် မုဒိမ်းကျင့်ပြီး အသတ်ခံရ


ယနေ့ 15-11-2016 ရက်နေ့ စစ်ကိုင်းတိုင်း ​မြောင်​မြို့နယ် ​အုတ်နှဲဘုတ်ကျေးရွာ အ.လ.ကကျောင်း အရှေ့တောင်ဘက် ပြောင်းခင်းအတွင်း လူသေအလောင်းတွေ့ရှိ၍ ​ကျေးရွာအုပ်ချုပ်ရေးမှူးက သွားရောက် ကြည့်ရှု ရာ အလောင်းမှာ မိန်ကလေး အသက် ၁၀နှစ် လည်ပင်းတွင် ဖုန်းထည့်​သော အိပ်ကြိုး ဖြင့် သတ်ထားသည်ကိုတွေ့ရှိခဲ့သည်။

(အသတ်ခံရသည်မှာ ရိုးသားမှုမရှိပါ။ မုဒိမ်းကျင့် သတ်​ဖြတ်​ခံထားရခြင်း ဖြစ်​သည်​။)


သေဆုံးသူမိန်းကလေးသည် စစ်ကိုင်းတိုင်းဒေသကြီး ​မြောင်မြို့နယ် အုတ်နှဲဘုတ်ကျေးရွာအုပ်စု မြစံကျေးရွာ
ဦးဝင်းဇော် - ဒေါ်တင်သန်းမာ တို့၏သမီး မအိထက်ကျော် စတုတ္ထတန်းကျောင်းသူဖြစ်သည်။

ယ​နေ့​ ကျောက်​ရစ်​ အထက​ကျောင်းတွင်​​ ယှဉ်​ပြိုင်​မည့် ​မြန်​မာစာ ထူးချွန်​စာ​မေးပွဲကို ဝင်​​ရောက်​​ဖြေဆိုရန်​ ​​ရွေးချယ်​ခံထားရသူလည်း ဖြစ်​သည်​။

၎င်းမအိထက်ကျော်သည် မိဘများနှင့်အတူ အုတ်နှဲဘုတ်ကျေးရွာ ဇာတ်ပွဲသို့ ပွဲကြည့်လာရာမှ မိဘများနှင့်ကွဲကွာပျောက်​ဆုံးရာမှ ယခုလိုဖြစ်​စဉ်​နှင့် ​တွေ့ရှိခဲ့ရသည်။

Pyae Phyo Oo
အသက် ၁၀ နှစ်အရွယ် ကလေးငယ် မုဒိမ်းကျင့်ပြီး အသတ်ခံရ  အသက် ၁၀ နှစ်အရွယ် ကလေးငယ် မုဒိမ်းကျင့်ပြီး အသတ်ခံရ Reviewed by THITHTOOLWIN on 23:26 Rating: 5
Powered by Blogger.