၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီးမှာ တိုက်ပွဲဖြစ်


တရုတ် မြန်မာနယ်စပ် ၁၀၅ မိုင် အနီးမှာ ဒီနေ့မနက် ၅ နာရီပတ်ဝန်းကျင်လောက်က တိုက်ပွဲဖြစ်တယ်လို့ နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။ ကုန်သွယ်ရေးဇုန် သစ်သီးပွဲရုံအတွင်း လူတွေ ပုန်းခိုနေရပါတယ်။ တိုက်ပွဲဖြစ်တာ ဘယ်အဖွဲ့တွေနဲ့လည်းဆိုတာတော့ စုံစမ်းဆဲ ဖြစ်ပါတယ်။

မနက် ၇ နာရီခွဲအထိ ရဲတပ်ဖွဲ့ဝင် ၁ ဦး အပါအဝင် ၈ ဦးဒဏ်ရာရ ၁ ဦးသေဆုံးတယ်လို့ မူဆယ်မြို့မရဲစခန်းက သိရပါတယ်။ တိုက်ပွဲကြောင့် အရောင်းအဝယ် ရပ်တန့်ပြီး တရုတ်နိုင်ငံကို သစ်သီးကုန်တင်ပို့မယ့်ကား အစီး ၃ဝဝ ကျော် ပိတ်မိနေပါတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ - စိုင်းမင်းသူနိုင် (၁၀၅ မိုင် ကုန်သွယ်ရေးစခန်း)
RFA Burmese
https://www.facebook.com/rfaburmese


၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီးမှာ တိုက်ပွဲဖြစ်  ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီးမှာ တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 10:08 Rating: 5
Powered by Blogger.