နတ်တလင်းမြို့နယ်၌ မီးလောင် နေအိမ်ခုနစ်လုံး ဆုံးရှုံး


နတ်တလင်း နိုဝင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ရေကြည်ကျေးရွာ၌ နိုဝင်ဘာ၂၈ရက် မွန်းလွဲ ၁ နာရီခွဲက ဒေါ်ပု(၅၇ နှစ်)သည် နေအိမ်၏အနောက်ဘက်၌ အမှိုက်များမီးရှို့၍ မီးလှုံရာ မီးကြွင်းမီးကျန်မှတစ်ဆင့် စပါးကျီကို စတင်လောင်ကျွမ်း ရာမှ နေအိမ်ခုနစ်လုံးမီးလောင်ဆုံးရှုံးခဲ့သည်။

အဆိုပါ မီးလောင်ရာသို့ တာပွန်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီးတို့ လာရောက်ငြှိမ်းသတ်ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းနိုင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ကြရာ မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ တွင် မီးငြိမ်းသွားသည်။

မီးဘေးသင့် အိမ်ထောင်စုခုနစ်စုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နေထိုင်ရန်နှင့် အရေးပေါ်လိုအပ်နေသော အိုးခွက်ပန်းကန်၊ စောင် စသည့်လူသုံး ကုန်ပစ္စည်းများ ထောက်ပံ့ကူညီပေးပြီး ကျန်းမာရေးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့က ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးကုသပေးခြင်း၊ သောက်ရေသန့်များ စီစဉ်ဆောင် ရွက်ပေးခြင်းတို့ကိုဆောင်ရွက်ကာ ဒေါ်ပုအား တာပွန်နယ်မြေရဲစခန်းက ဆက်လက် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

တင်မြင့်(နတ်တလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
နတ်တလင်းမြို့နယ်၌ မီးလောင် နေအိမ်ခုနစ်လုံး ဆုံးရှုံး နတ်တလင်းမြို့နယ်၌ မီးလောင် နေအိမ်ခုနစ်လုံး ဆုံးရှုံး Reviewed by THITHTOOLWIN on 10:27 Rating: 5
Powered by Blogger.