ခင်ဦးမြို့နယ်တွင် အသက်အန္တရာယ် စိုးရိမ်ရသော ကျောင်းသား/သူ ကလေးများ၏ ပညာရေး


ချစ်စံ(နိုဝင်ဘာ-၁၆)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်ရှိ ပုဏ္ဏားကျေးရွာ စိန်ပန်းကုန်းကျေးရွာနှင့် သီဟတောကျေးရွာမှ ကျောင်းသား/သူကလေးများမှာ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် သို့ စက်လှေဖြင့် ဧရာဝတီမြစ်ဖြတ်ပြီး ပညာသင်ကြားနေကြသော ကျောင်းသား/သူကလေးများ၏အသက်အန္တရာယ် စိုးရိမ်နေကြကြောင်း သိရသည်။


အဆိုပါ ကျေးရွာ(၃)ရွာမှ ကျောင်းသား/သူကလေးများမှာ အခြေခံပညာသူငယ်တန်းမှနဝမတန်းထိ ကျောင်းသား/သူဦးရေ(၆၀)တက်ရောက်နေကြကြောင်း ၎င်းကလေးငယ်များမှာ သီဟတောဆိပ်ကမ်း မှ သပိတ်ကျင်းဆိပ်ကမ်း သို့ နေ့စဉ် စက်လှေဖြင့်ကြိုပို့သွားလာ ပညာသင်ကြားရာ ကျောင်းသား(၁)ဦးလျှင်(၁)နှစ်စာ စက်လှေခ ငွေကျပ်(၃)သောင်းပေးဆောင်ရပြီး ကလေးငယ်များတွင် အသက်ကယ်အင်္ကျီများမပါရှိသဖြင့် အသက်အန္တရာယ်စိုးရိမ်နေကြရပါသည်။


"ကလေးတွေရဲ့ဘဝ ပညာရေးမို့ နေပူမရှောင် မိုးရွာမရှောင် အသက်အာမခံချက်မရှိဘဲ စက်လှေဖြင့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်ဘက်သို့ နေ့စဉ် သွားရောက် ပညာသင်ကြားနေရသည်ကို မိဘများအနေဖြင့် စိတ်မချနိုင်ဘဲ ရင်တထိပ်ထိပ်စိုးရိမ်နေရကြောင်း ဒီလိုမှ မသင်ကြားရင် မိမိသို့၏သားသမီးများမှာ အထက်တန်းပညာသင်ကြားဖို့နေနေသာသာ အလယ်တန်းပညာသင်ကြားရန်အခက်အခဲများတွေ့ရှိနေရကြောင်း"ဒေသခံ ကျောင်းသားမိဘများက ပြောပြ၍ သိရသည်။

ချစ်စံ(ခင်ဦး)
ခင်ဦးမြို့နယ်တွင် အသက်အန္တရာယ် စိုးရိမ်ရသော ကျောင်းသား/သူ ကလေးများ၏ ပညာရေး  ခင်ဦးမြို့နယ်တွင် အသက်အန္တရာယ် စိုးရိမ်ရသော ကျောင်းသား/သူ ကလေးများ၏ ပညာရေး Reviewed by THITHTOOLWIN on 11:26 Rating: 5
Powered by Blogger.