မြို့နယ်အုပ်ချုပ်ရေးမှူးအား အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုမှု တရားလို စတင်စစ်ဆေး


မန္တလေး၊ နိုဝင်ဘာ ၁၈။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် မှ အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရသည့် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဒုဦးစီးမှူးတို့အား နိုဝင်ဘာလ ၁၇ ရက်နေ့က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားလိုအား စတင်စစ်ဆေးခဲ့သည် ။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးအား ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၆) တစ်ခုတည်းဖြင့် အမှုနှစ်ခု စွဲဆိုထားခြင်းဖြစ်ပြီး ရုံးထုတ်စစ်ဆေးရာတွင် အမှုတစ်ခုတည်းကိုသာ စစ်ဆေးခြင်းဖြစ်သည်။

"ဒီနေ့တရားလိုကို စစ်တာမှာ မပြီးလိုက်ဘူး။ ဒါ့ကြောင့် နောက်ထပ်ရုံးချိန်းထပ်ပေးလိုက်တယ် ။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်စိုးနိုင် ကို ပုဒ်မ ၅၆ နဲ့ စွဲထားတဲ့ နှစ်မှုမှာ တစ်မှုပဲ စစ်သေးတယ်" မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးမြင့်စိုးက ပြောသည်။

လက်ရှိစစ်ဆေးလျက်ရှိသောအမှုတွင် တရားလိုပြသက်သေ ၁၁ယောက်တင်ထားပြီး ရုံးချိန်းကို နိုဝင်ဘာလ ၂၉ရက်နေ့တွင် ထပ်မံချိန်းဆိုခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်စိုးနိုင်သည် မန်ကျည်းအင်းကျေးရွာသစ် ပြည်ထဲရေးအမည်ပေါက် ရွာမြေတိုးချဲ့သတ်မှတ်ပေးရန် ကိစ္စနှင့်ပက်သက်ပြီး ယင်းကျေးရွာနေ ဒေသခံများထံမှ လက်ဆောင်ယူခြင်း နှင့် ငွေကျပ် ၅ သိန်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၌လည်းကောင်း ပုဆိုး နှင့် အင်္ကျီအပါအဝင် ငွေကျပ် သိန်း ၃၀ ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၌ လည်းကောင်း ၊၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ငွေကျပ် သိန်း ၁၀၀ ကိုလည်းကောင်း အလီလီလက်ခံရယူခဲ့ကြောင်း သိရသည်။

ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်သည်လည်း ယင်းကျေးရွာကိစ္စနှင့်ပက်သက်၍ ၂၀၁၅ ခုနှစ် မေလအတွင်း က ကမ္ဘာအောင်မြေကုမ္ပဏီပိုင်ရှင်ထံ မှ ငွေကျပ်သိန်း ၅၀ တစ်ကြိမ် ၊ သိန်း ၄၀ တစ်ကြိမ်နှင့် ၃၅ သိန်း တစ်ကြိမ် လက်ခံရယူထားကြောင်း သိရသည်။

ထို့အပြင် အုပ်ချုပ်ရေး ကိစ္စရပ်များ ဆောင်ရွက်သည့်နေရာတွင် လစ်လပ်လျှက်ရှိရာ ယင်းနေရာအတွက် ပြင်ဦးလွင်ခရိုင် အထွေအထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန မှ လက်ထောက် ညွှန်ကြားရေးမှူးအား ယာယီခန့်အပ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ သိရသည် ။

သတင်း - ဓာတ်ပုံ -နိုင်လင်းဦး

Central News Myanmar
https://www.facebook.com/CNMyanmar/
မြို့နယ်အုပ်ချုပ်ရေးမှူးအား အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုမှု တရားလို စတင်စစ်ဆေး မြို့နယ်အုပ်ချုပ်ရေးမှူးအား အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုမှု တရားလို စတင်စစ်ဆေး Reviewed by THITHTOOLWIN on 10:05 Rating: 5
Powered by Blogger.