ရိုးသားသည့် ထိုင်းနိုင်ငံသား ဇနီးမောင်နှံအား ထိုင်းနိုင်ငံသို့ပြန်လည်လွဲအပ်


ကော့သောင်း ၊ နိုဝင်ဘာ ၁၇ ရက်

မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့်ညှိစွန်းသဖြင့် မြန်မာနိုင်ငံ ၊ မြိတ်မြို့ ကျွဲကူးတံတား စစ်ဆေးရေး ဂိတ်တွင် နိုဝင်ဘာလ ၃ ရက်နေ့ က တားဆီး အရေးယူခံရသည့် ထိုင်းနိုင်ငံ ချုံဖော်ခရိုင် ကျေးရွာတစ်ခုမှ ရိုးသားသည့် ထိုင်းနိုင်ငံသား ဇနီးမောင်နှံအားထိုင်းနိုင်ငံသို့ နိုဝင်ဘာလ ၁၅ ရက်နေ့ က ထိုင်းမြန်မာနယ်စပ် ကော့သောင်းမြို့ မှတဆင့် ထိုင်းနိုင်ငံ ရနောင်းခရိုင် တာဝန်ရှိအဖွဲ့အစည်းများသို့ ပြန်လည်လွဲပြောင်း အပ်နှံပေးခဲ့ကြောင်းသိရသည်။


အဆိုပါ ထိုင်း လူမျိုးဇနီးမောင်နှံ သည် ချုံဖော်ခရိုင် ကျေးရွာတစ်ခုတွင် မြန်မာအလုပ်သမား (၃၀)ခန့် ဖြင့် ဒူးရင်း သီး နှင့် နဂါးမောက်သီးစိုက်ပျိုးသည့် ခြံပိုင်ရှင်များဖြစ်ပြီး ၄င်းတို့ ခြံ အလုပ်သမား မစန်းစန်းခိုင်သည် ထိုင်းနိုင်ငံတွင် ဆိုင်ကယ်မတော်တဆမူဖြင့် လွန်ခဲ့သည့် သြဂုတ်လ က သေဆုံးခဲ့ရာ ထိုင်းနိုင်ငံ အသက်အာမခံကုမ္ပဏီမှရရှိသည့် ထိုင်းဘတ်ငွေ (၁၅၀၀၀၀) နှင့် ၄င်းတို့ဇနီးမောင်နှံ မှ ထောက်ပံ့ငွေ ဘတ်(၅၀၀၀၀) စုစုပေါင်း ဘတ်ငွေ (၂၀၀၀၀၀ ) ၊ မြန်မာငွေဖြင့်(ကျပ် ၆၄ သိန်း) အား တနင်္သာရီတိုင်းဒေသကြီး ၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာ သေဆုံးသူ မိဘများထံ လက်ရောက်ပေးအပ်ရန် နယ်စပ်မှတဆင့် သံရုံး Visa မပါသည့် ထိုင်း ပတ်စပို့ဖြင့် တရားမ၀င် သွားရောက်ခဲ့ပြီး အပြန်တွင် မြိတ်မြို့ ကျွဲကူးတံတား စစ်ဆေးရေး ဂိတ်တွင် ထိန်းသိမ်း ခံရခြင်းဖြစ်သည်။


ဖြစ်စဉ်တွင် ဥယျဉ်ခြံစိုက် တောနေလူတန်းစား တောင်သူလင်မယားဖြစ်ကြပြီး လူသားခြင်းစာနာမှုဖြင့် သေဆုံးသူ မြန်မာအလုပ်သမ၏ မိဘများထံလျော်ကြေးရငွေများ ပေးလို့သည့် ရိုးသားဖြူစင်မှုစေတနာ ကြောင့် ဥပဒေအား ကျူးလွန်မိ ခဲ့ကြခြင်းဖြစ်ရာ ထိုင်းမြန်မာချစ်ကြည်ရင်းနှီးမှု အားရှေ့ရှု ကာ မြန်မာနိုင်ငံ တာဝန်ရှိသူများ မှ အထက်အဖွဲ့အစည်းအဆင့်ဆင့် သို့တင်ပြခွင့်ပြုချက်ရယူ ၍ ယခုကဲ့သို့ ပြန်လည်လွဲပြောင်း အပ်နှံပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Iprd Kawthoung
ရိုးသားသည့် ထိုင်းနိုင်ငံသား ဇနီးမောင်နှံအား ထိုင်းနိုင်ငံသို့ပြန်လည်လွဲအပ်  ရိုးသားသည့် ထိုင်းနိုင်ငံသား ဇနီးမောင်နှံအား ထိုင်းနိုင်ငံသို့ပြန်လည်လွဲအပ် Reviewed by THITHTOOLWIN on 12:36 Rating: 5
Powered by Blogger.