သထုံမြို့ မှာ မီးလောင်မှု ဖြစ်ပွား

သထုံမြို့ ရေခဲသေတ္တာ အဟောင်း အရောင်းဆိုင် တစ်ဆိုင်တွင် ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား
မွန်ပြည်နယ်၊ သထုံမြို့၊ အောက်ကျင်းရက်ကွက်၊ သုံးဘာသာလမ်းနှင့် ဗူးဘုရားလမ်းထောင့်ရှိ ရေခဲသေတ္တာအ ဟောင်းအရောင်းဆိုင်တွင် ရေခဲသေတ္တာကောင်း၊ မကောင်းစမ်းသပ်ရန် မီးပလပ်ထိုးထားခဲ့ရာမှ ဝါယာရှော့ဖြစ် ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 ရေခဲသေတ္တာပြုပြင်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဖိုးဇော်(၃၈)နှစ်၏ ဆိုင်လုပ်သား ဖြိုးဝေအောင်(၂၄)နှစ် သည် နိုဝင်ဘာ ၃၀ ရက်၊ နံနက်(၂)နာရီခွဲဝန်းကျင်က ရေခဲသေတ္တာကောင်း၊ မကောင်းစမ်းသပ်ရန် ဆိုင်ရှိ မီးပလပ်ခုံမှ ဝါယာကြိုးအား အနောက်ဘက်ပြတင်းပေါက်မှတဆင့်သွယ်တန်း၍ အပြင်ဘက်ရှိရေခဲသေတ္တာအား စမ်းသပ်ခဲ့ခြင်းဖြစ်သည်။


ထို့သို့ဆက်သွယ်စမ်းသပ်ပြီးနောက် မီးပလပ်ခုံအား ပြန်လည်ဖြုတ်ခြင်းမပြုဘဲ မေ့လျော့၍ အိမ်ပြန်သွားရာမှ ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ရေခဲသေတ္တာကို စမ်းဖို့တပ်ဆင်ခဲ့ပြီး ဆိုင်အလုပ်သမားကဖွင့်ခဲ့တာ။ ဆိုင်ပိတ်တော့ မီးပလပ်ခုံကိုဖြုတ်ဖို့မေ့ပြီး ပြန်သွားတယ်။ ကြာလာတော့ ဝါယာရှော့ဖြစ်ပြီးလောင်သွာတာပါ။ မီးလောင်တယ်လို့သိသိချင်း အချိန်မီငြှိမ်း သတ်နိုင်ခဲ့လို့ ဆုံးရှုံးမှုပမာဏနည်းခဲ့ရတာပါ။”ဟု သထုံခရိုင်မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြင်ထွန်းကပြောသည်။

မီးလောင်သည့်သတင်းအရ သထုံခရိုင်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ ပြည်သူများမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မီးလောင်ပြီး မိနစ် ၂၀ အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း ဆိုင်အနောက်ဘက်တွင်ထားသည့် ရေခဲသေတ္တာအ ဟောင်းအလုံး ၅၀ ဝန်းကျင် မီးလောင်ကျွမ်းခဲ့ရသဖြင့် ကာလတန်ဖိုးကျပ်(၁၀)သိန်းဝန်းကျင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်နှင့် ပတ်သက်၍ မီးအားပေါ့ဆစွာအသုံးပြုသူ ဖြိုးဝေအောင်ကို သထုံမြို့မ ရဲစခန်းမှ (ပ) ၇၆၉/ ၂၀၁၆ ရာဇသတ်ကြီးပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
သထုံမြို့ မှာ မီးလောင်မှု ဖြစ်ပွား သထုံမြို့ မှာ မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 16:33 Rating: 5
Powered by Blogger.