ရိုဟင်ဂျာ လှေအစီး ၂၀ ကို ဘင်္ဂလားဒေ့ရှ်က မြန်မာဘက် ပြန်ပို့

ဘင်္ဂလားဒေ့ရှ် ဘက်ကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်ဆလင် တစ်ရာ့ငါးဆယ်လောက်ကို လှေအစီး ၂၀ နဲ့ တင်ပြီး မြန်မာဘက်ကို ပြန်ပို့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြေးဝင်လာတဲ့ ရိုဟင်ဂျာ အရေအတွက်က အခု ပြန်ပို့တဲ့ အရေအတွက်ထက် ရာနဲ့ချီ ပိုများတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ခဲ့တဲ့ မတည်ငြိမ်မှုတွေကြောင့် အခုလို ထွက်ပြေးကြတာလို့ သတင်းတွေက ဆိုပါတယ်။

မောင်တော မြို့နယ်ထဲမှာ နယ်ခြားစောင့် စခန်းတွေ အကြမ်းဖက် တိုက်ခိုက် ခံခဲ့ရပြီးနောက် အစိုးရ စစ်တပ်က နယ်မြေ လုံခြုံရေးအတွက် ရှင်းလင်း ဆောင်ရွက်နေရာမှာ ထောင်နဲ့ချီတဲ့ လူတွေ အိုးအိမ် စွန့်ခွာနေကြရတယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေ ရှိနေတာပါ။

ကုလ သမဂ္ဂ ကတော့ ရိုဟင်ဂျာ မွတ်ဆလင်တွေ အတွက် နယ်စပ်ကို ဖွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ကို တောင်းဆို ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ