မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား


မန္တလေး၊နိုဝင်ဘာ- ၂၀

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ သူရဲကျော်ရပ်ကွက်၊ ၃၉× ၄၀ လမ်းကြားအကွက် (၃၅၂)ရှိမမိုးစန္ဒီသိန်းနေအိမ်မှစတင်ကာ နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက် (၇း၃၉)နာရီတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

မီးလောင်ရာသို့ မီးသတ်ယာဉ် (၁၄)စီး၊ အုပ်ချုပ်ထောက်ပံ့မှုယာဉ် (၂)စီးနှင့်အတူသန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ ငြိမ်းသတ်မှုကြောင့် နံနက် (၇း၅၂)နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရှိရသည်။

မီးလောင်မှုကြောင့် ၂၀ပေ× ၃၀ ပေသွပ်မိုး၊ ထရံကာ (၁)ထပ်နှင့် ၂၀ပေ×၃၀ပေ သွပ်မိုးထရံကာ (၂)ထပ် စုစုပေါင်းအဆောက်အဦး (၂)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီးတန်ဖိုးမှာ (၁၃)သိန်း(၅)သောင်းဖြစ်ကြောင်းနှင့် မီးစတင် လောင်ကျွမ်းရသည့် အကြောင်းအရင်းနှင့် မီးလောင်မှုဖြစ်စဉ် တရားခံအားစုံးစမ်းဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။

ဘိုဘိုဟန်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား  မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 07:52 Rating: 5
Powered by Blogger.