မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းပြုလုပ်နေစဉ် သေနတ်ပစ်ဖောက်မှုဖြစ်ပွား


မော်လမြိုင်၊ နိုဝင်ဘာ ၁၂ ။ ။ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ သမိန်းဗရမ်းလမ်းမပေါ်ရှိ လဝီမွန်ကုမ္ပဏီ အဆောက်အဦးတွင် ယနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲက မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ပြုလုပ်နေစဉ် သေနတ်ပစ်ဖောက်မှု ဖြစ်ပွားခဲ့ကြောင်း မြိုင်သာယာနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းအစည်းအဝေးသို့ မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့မှ ဗဟိုစီးပွားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးအဆင့်ရှိ နိုင်အိုက်ချယ် (ခ) နိုင်ချယ်ရီ ဦးဆောင်သော အဖွဲ့သုံးဦးသည် မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့မှ အစည်းအဝေးပြုလုပ်သည့် နေအိမ်အနီးသို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး ၉ မမ ပစ္စတိုဖြင့် ကောင်းကင်ပေါ်သို့ သေနတ်နှစ်ချက် ပစ်ဖောက်ခဲ့ကာ ထွက်သွားကြောင်း မြိုင်သာယာနယ်မြေ ရဲစခန်းမှတ်တမ်းတွင် ဖော်ပြထားသည်။

သေနတ်ပစ်ဖောက်ခဲ့သူမှာ နိုင်အိုက်ချယ်၏ တပည့်ဖြစ်သူ ပြည်ကျော် (အရပ်သား) ဆိုသူဖြစ်ပြီး သေနတ်ပစ်ဖောက်မှုကြောင့် လူ၊ ပစ္စည်းများ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ သေနတ်ပစ်ဖောက်ခဲ့သည့် နေရာတွင် ၉ မမပစ္စတို၏ ၉ မမ Luger ကျည်ခွံ နှစ်ခုကို တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ရကြောင်း မြိုင်သာယာနယ်မြေ ရဲစခန်းမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်ပစ်ဖောက်သွားသော နိုင်အိုက်ချယ်နှင့် အဖွဲ့ကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း မြိုင်သာယာနယ်မြေရဲစခန်းမှ ရဲအရာရှိက ဆိုသည်။

ခေတ်မင်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းပြုလုပ်နေစဉ် သေနတ်ပစ်ဖောက်မှုဖြစ်ပွား  မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းပြုလုပ်နေစဉ် သေနတ်ပစ်ဖောက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:20 Rating: 5
Powered by Blogger.