မုံရွာသီတင်းကျွတ်ဈေးပွဲတော်တွင် လေးဆင့်ဆက်တိုက် ဓားထိုးမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသူများကို ဖမ်းမိ


မုံရွာ၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရုံးကြီးရပ်ကွက်တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော သီတင်းကျွတ် ဈေးပွဲတော်အတွင်း လေးဆင့်ဆက်တိုက် ဓားထိုးမှု မှုခင်းဖြစ်စဉ်တစ်ရပ်အား အောက်တိုဘာ ၃၀ ရက်ညကဖြစ်ပွားခဲ့သည်။

အဆိုပါ မှုခင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးရရှိနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းမှ အနီးကပ် ကြီးကြပ်ကွက်ကဲခဲ့သည်။ ၎င်း၏ ကြီးကြပ်ကွက်ကဲမှုများအရ နိုဝင်ဘာ ၁၃ ရက်ည ၁၁ နာရီအချိန်က မုံရွာမြို့ ထန်းတောရပ်ကွက် ထန်းတောဘောလုံးကွင်းအတွင်း အုပ်စု လူငယ်တစ်စုအား မုံရွာနယ်မြေ ရဲစခန်းမှ ရဲစခန်းမှူး ရဲအုပ် ရဲအောင်၊ မုံရွာခရိုင် မှုခင်းနိမ်နှင်းရေး ဌာနစု ဌာနစုမှူး ရဲအုပ် လင်းထက်နိုင်နှင့်အဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့သည်။

အဆိုပါ အုပ်စုဖွဲ့ လူငယ်များမှာ မုံရွာသီတင်းကျွတ်ဈေးပွဲတော်အတွင်း လေးဆင့်ဆက်တိုက် ဓားထိုးမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသူများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ချက်များအရ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်မှ မုံရွာမြို့မရဲစခန်းသို့ နိုဝင်ဘာ ၁၄ ရက် မနက် ၂ နာရီအချိန်တွင် လွဲပြောင်းအပ်ပေးခဲ့သည်။

လွန်ခဲ့သော လအနည်းခန့်က မုံရွာမြို့ ဒေါနခြံရပ်ကွက်နှင့် အောင်ချမ်းသာ ရပ်ကွက်အကြား ညအချိန်တွင် ဆိုင်ကယ်လုယက်မှု မှုခင်းဖြစ်စဉ်တစ်ရပ် ဖြစ်ပွားပေါ်ပေါက်ခဲ့သည်။ ယင်း မှုခင်းဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာနယ်မြေရဲစခန်းမှ ပြစ်မှုကျူးလွန်သူများကို မုံရွာမြို့ ကန်သာဦ်းရပ်ကွက်အတွင်းမှ ဖော်ထုတ်ဖမ်းဆီး ပြီးနောက် မုံရွာမြို့မရဲစခန်းသို့ လွဲပြောင်းအပ်နှံပေးခဲ့သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း မုံရွာနယ်မြေ ရဲစခန်းမှူး ရဲအုပ် ရဲအောင်က ပြောပြသည်။

မုံရွာနယ်မြေ ရဲစခန်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ်များအနက် အမှုအများစုမှာ ရက်ပိုင်းအတွင်း ဖော်ထုတ်အရေးယူနိုင်ခဲ့သည်ဟု မုံရွာဒေသခံပြည်သူများမှ ပြောကြားလျက်ရှိကြောင်း သိရှိရသည်။

မုံရွာနယ်မြေရဲစခန်း
မုံရွာသီတင်းကျွတ်ဈေးပွဲတော်တွင် လေးဆင့်ဆက်တိုက် ဓားထိုးမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသူများကို ဖမ်းမိ  မုံရွာသီတင်းကျွတ်ဈေးပွဲတော်တွင် လေးဆင့်ဆက်တိုက် ဓားထိုးမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသူများကို ဖမ်းမိ Reviewed by THITHTOOLWIN on 10:30 Rating: 5
Powered by Blogger.