လယ်ဝေးမြို့ နယ် နှင့် တပ်ကုန်းမြို့ နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ပျက်စီးပြီး လူသေဆုံးမှုတွေရှိ
လယ်ဝေးမြို့နယ်တွင် ချောင်းရေကြီးမှုကြောင့် နေအိမ်နှင့် လူတစ်ဦးမျောပါသေဆုံး
လယ်ဝေး နိုဝင်ဘာ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ဥသျှစ်လှိုင်းကျေး ရွာအုပ်စုနှင့် ကျောက်မီးကူ ကျေးရွာအနီး ပလွေးချောင်းအတွင်း ချောင်းရေများ မြင့်တက်လာမှုကြောင့် ယနေ့နံနက်တွင် ဥသျှစ်လှိုင်းကျေးရွာရှိ လူနေအိမ် သုံးပင်ပတ်လည် သက္ကယ်မိုးထရံကာနေအိမ် (၆)လုံး၊ သက္ကယ်မိုး ထရံကာနေအိမ် တစ်ခြမ်းပါ (၅)လုံးနှင့် ကျောက်မီးကူကျေး ရွာရှိ လူနေအိမ် သုံးပင်ပတ်လည် သက္ကယ်မိုး ထရံကာနေအိမ် (၂)လုံးတို့ ချောင်းရေစီး နှင့်အတူ မျောပါသွားခဲ့ပြီး ကျောက်မီးကူကျေးရွာ နေသူ(၂)ဦး ချောင်းရေ၌ မျောပါသွားခဲ့ကာ (၁)ဦးအား အသက်ရှင်လျက်ပြန်လည်ရရှိပြီး ကျန်(၁)ဦးဖြစ်သူ ဦးဝင်းကြည် အသက်(၅၆)နှစ်ခန့်အား ပြန်လည်ရှာမတွေ့သေးကြောင်းသတင်းရရှိသည်။
လယ်ဝေးမြို့နယ်၌ ချောင်းရေကြီးမှုကြောင့် တောင်သူ(၄)ဦး ရေနောက်မျောပါ
လယ်ဝေး၊ နိုင်ဝင်ဘာ - ၁၀
နေပြည်တော် လယ်ဝေးမြို့နယ်၊ မဒေါ့ပင်ကျေးရွာအုပ်စု၊ ဂုံမင်းအိုင်ကျေးရွာ အနီး ဖြတ်သန်း စီးဆင်းနေသော ပလွေးချောင်း သဲခုံတွင် ဆောင်းသီးနှံ စိုက်ပျိုးရန် အတွက် နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် က ဂုံမင်းအိုင်ကျေးရွာနေ တောင်သူ ဦးဘိုးသောင်း(၅၆)နှစ်၊ ဦးညွန့်လှိုင်(၄၇)နှစ်၊ ဦးချိုလေး (၃၀)နှစ်နှင့် မောင်တိုင်းကျော်(၂၆)နှစ်တို့ (၄)ဦးသည် ဂွန်ဒေါင်းဖြင့် ထွန်ရေးပြင်နေစဉ် ပလွေးချောင်း ရေရုတ်တရက် စီးဆင်းလာ မှုကြောင့် ချောင်းရေနောက်မျောပါခဲ့ရာ တောင်သူ ဦးဘိုးသောင်း (၅၆)နှစ် မှာ သစ်ကိုင်းအားဆွဲမိ၍လွတ်မြောက်ခဲ့ပြီး ကျန်တောင်သူ(၃)ဦး မှာ ချောင်းရေနောက်မျောပါသွားခဲ့ရာ ယခုအချိန်အထိ တာဝန်ရှိသူ များနှင့် ကျေးရွာနေပြည်သူများက လိုက်လံရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှားတော ကျေးရွာမှ နေအိမ်များ ရေစီးမျောပါ နစ်မြုပ်
တပ်ကုန်း နိုဝင်ဘာ ၁၀
တပ်ကုန်းမြို့နယ်တွင် နိုဝင်ဘာ ၁၀ ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှားတော ကျေးရွာမှ ဆင်သေချောင်းအနီးရှိ လူနေအိမ် ၈ လုံး ချောင်းရေဖြင့် မျောပါသွားခဲ့ပြီး နေအိမ် ၁ လုံး ရေဝင်နစ်မြုပ်ခဲ့ကြောင်း၊ လူနှင့် တိရိစ္ဆာန် သေဆုံးမှုမရှိကြောင်း သတင်းရရှိသည်။
ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Powered by Blogger.