(၅)တန်ခန့်ရှိ လေယာဉ် အစိတ်အပိုင်းဟု ယူဆရသော သတ္တုအပိုင်း အစ တစ်ခုပြုတ်ကျ


ဖားကန့် နိုဝင်ဘာ(၁၀)

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာ၏ အနောက်ဖက်(၁)မိုင်ခန့်အကွာ ခိုင်လုံ ကျောက်မျက် ကုမ္ပဏီနှင့် ပြည်တန်ရတနာ ကျောက်မျက် ကုမ္ပဏီလုပ်ကွက်အကြားသို့ ယနေ့နံနက် (၆)နာရီခွဲခန့်တွင် လေယာဉ် အစိတ်အပိုင်းဟု ယူဆရသော သတ္တုအပိုင်းအစ တစ်ခုပြုတ်ကျခဲ့ပြီး အနီးပတ်ဝန်း ကျင်မျက်မြင်သက်သေများက လေယာဉ်ပျံကဲ့သို့ ကျယ်လောင်သော အသံအားဦးစွာ ကြားခဲ့ရပြီးနောက် ၎င်းသတ္တုပစ္စည်းသည် ပြုတ်ကျလာခဲ့ကြောင်း၊ ၎င်းသည်ပြုတ်ကျသောနေရာမှ ပေ(၃၀၀)ခန့် ထပ်မံလွင့်စင်ခဲ့ကြောင်း နှင့်ယမ်းညှော်နံ့ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။


အဆိုပါ သတ္တုအပိုင်းအစမှာ အလျား(၁၂)ပေ၊ အချင်း(၆)ပေ၊ လုံးပတ်ခန့်မှန်းပေ(၃၀)နှင့် အလေးချိန် (၅)တန်ခန့်ရှိပြီး လေယာဉ် အစိတ်အပိုင်းတစ်ခုဖြစ်နိုင်ကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
(၅)တန်ခန့်ရှိ လေယာဉ် အစိတ်အပိုင်းဟု ယူဆရသော သတ္တုအပိုင်း အစ တစ်ခုပြုတ်ကျ (၅)တန်ခန့်ရှိ လေယာဉ် အစိတ်အပိုင်းဟု ယူဆရသော သတ္တုအပိုင်း အစ တစ်ခုပြုတ်ကျ Reviewed by THITHTOOLWIN on 17:18 Rating: 5
Powered by Blogger.